17 (unicode)

276 67 2
                                    

"မင်းကိုကြိုက်နေတဲ့သူက မင်းအနားမှာရှိနေတာတောင် မင်းကမသိဘူး"

ကော်ပြန့်ကြော်ကိုတူနဲ့ညှပ်နေရင်း ချော်ထွက်သွားသည်။

"ဘာဖြစ်တယ်"

"မင်းကြားသလိုပဲလေ"

"ငါကြားလိုက်တာကြီးက...ငါ့ကိုကြိုက်တဲ့သူက"

"မင်းအနားမှာလေ"

"အင်း"

"ဒါပေမယ့် မင်းကမသိဘူးလေ"

ဂျောင်ဝူးကဘာမှပြန်မပြောဘဲ ငြိမ်နေသည်။ လက်ထဲက တူကိုလည်း ချထားရမလို ဟင်းပဲလှမ်းနှိုက်ရတော့မလိုဖြစ်နေသေးသည်။

ရဲဒမ်က ပန်းဂေါ်ဖီကြော်တွေကို ဂျောင်ဝူးပန်းကန်ထဲထည့်ပေးလိုက်ရင်း

"စားစရာရှိတာအရင်စား"

"အင်း..."

ဂျောင်ဝူးက ထမင်းတစ်လုပ်နဲ့ ဟင်းတစ်လုပ်ထည့်ပြီးဝါးလိုက်ပေမယ့် ရဲဒမ်ကိုပဲကြည့်နေမိသညိ။

"ရဲဒမ်ငါမနေနိုင်လို့မေးလိုက်တော့မယ်။ မင်းငါ့ကိုကြိုက်နေတာလား"

"စောက်ရူး"

ရဲဒမ်ကစိတ်တိုတိုနဲ့ ဖရုဿဝါစာတွေထွက်သွားတော့သည်။

"ဟင် ဘာလို့ငါ့ကိုဆဲတာလဲ"

"မင်းက ငတုံးမို့လို့ပေါ့ကွ"

"ဘာလဲ မင်းငါ့ကိုကြိုက်နေတာမဟုတ်ဘူးလား"

"အရူးရာ...မင်းဘေးနားရှိတာ ငါ‌တစ်ယောက်တည်းလား"

"ဒါဆို ဟာနာ??? ဟာနာဆို ငါစိတ်ပူစရာမလိုတော့ဘူးပေါ့"

"တော်ပြီဟေ့ကောင်ရေ ငါတကယ် လက်လန်တယ်။ အရိပ်ပြလို့မှ အကောင်မမြင်ရင်လည်း အဲ့အကောင်လိုက်ကိုသာဝင်တိုက်လိုက်တော့"

ရဲဒမ်က ထမင်းစားနေရင်းကနေထသွားပြီး သူ့အခန်းထဲသူပြန်ဝင်လိုက်သည်။

"အပြစ်အနေနဲ့ ငါ့ပန်းကန်ကိုမင်းဆေးလိုက်"

တံခါးကိုဝုန်းခနဲပိတ်လိုက်ပြီး ညလုံးပေါက်အလုပ်လုပ်တော့မည်။ ဂျောင်ဝူးကတော့ ဆေးခန်းမှာထားတဲ့ ခွေးလေးကိုကြည့်ပေးရမှာမို့ အောက်မှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်သည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now