7 (zawgyi)

143 13 1
                                    


ပုံမှန်အတိုင်းသာဆိုရင် သူငယ်ချင်းတစ်ယောက်ရပြီး တစ်လကြာရင် ရိုးသွားနိုင်သည်။ စစခင်တုန်းကလို သည်းသည်းလှုပ်မဖြစ်တော့ဘဲ သူ့အတွက်အချိန်သိပ်မပေးနိုင်ဖြစ်လာတတ်သည်။

ဒါပေမယ့် ဒီတစ်ယောက်နဲ့မှ သူလည်း ဘာမဆိုမလွန်ဆန်နိုင်ဖြစ်နေတော့သည်။ မင်းလိုသူငယ်ချင်းမျိုးက ရှားလိုက်တာ။ မင်းကိုမှသူငယ်ချင်းတော်မိပြီး ဂရုစိုက်ပေးနိုင်တဲ့ငါကလည်း ထူးဆန်းလိုက်တာ။

အတန်းတူသူငယ်ချင်းတစ်ယောက်...တော်တော်ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်...နဲ့တောင် အဆက်အပြတ်ဖြတ်ပြီး အခုထိနေနိုင်နေတာ...

မင်းနဲ့ကျတော့ တစ်ရက်လောက် တစ်နေ့လုံး စာမလာအကြောင်းမကြားရင်းတောင် ငါကဘာလို့ မရိုးမရွဖြစ်နေရတာလဲ...

'ဆရာ ဒါဘယ်လောက်လဲလို့'

ဆေးခန်းမှာ ခွေးစာလာဝယ်တဲ့ကောင်မလေးက ဂျောင်ဝူးကို ၂ ခါပြန်မေးလိုက်သည်။

'အာ.. တောင်းပန်ပါတယ်.. ဝမ် ၅၀၀၀ ပါ'

'ဒါဆို ဒါ ၂ ထုတ်နဲ့ အစာချောင်း တစ်ထုတ်ယူမယ်နော်'

'ဟုတ်ကဲ့ပါ'

ဘာလို့ပါလိမ့်...တစ်နေ့လုံး စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး....သူ့ကြောင့်ပဲလား

တကယ်ပဲ မင်းကငါ့အတွက် ဘယ်လိုသူငယ်ချင်းပါလိမ့်။

ဟရုတို မင်း ဘယ်ချိန်ပြီးမှာလဲ

အပြန်ငါ့ဆီဝင်ခဲ့ဦး ကြောင်စာအသစ်ရထားတာ ပေးမလို့

ဟရုတို..အလုပ်များနေတာလား...နားချိန်ရောက်ရင် စာပြန်ဦး

ဟေ့ကောင်...

တစ်နေ့လုံးစာမပြန်သေးတဲ့ ဟရုတိုကြောင့် ဒီနေ့အလွဲတွေချည်းလုပ်နေမိသည်။

ဖုန်းကိုမကိုင်မိလောက်တဲ့အထိ အလုပ်များနေပုံရသည့်အတွက် စာထပ်မပို့တော့ဘဲ ဆေးခန်းဆက်ထိုင်နေလိုက်သည်။

နေ့ခင်းတုန်းကတော့ ရဲဒမ်နဲ့အတူ ပီဇာမှာစားပြီး ညကျရင်တော့ ထမင်းလေးဘာလေးချက်စားဦးမလားလို့တွေးလိုက်မိသေးသည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now