2 (unicode)

467 98 0
                                    


ညကမိုးအေးအေးနဲ့ အိပ်လို့ကောင်းနေတုန်းမှာ ကုတင်ပေါ်က သူ့ဘေးကို အိစိအိစိနဲ့ တစ်ခုခုရောက်နေတာကိုသတိထားလိုက်မိသည်။

လက်နဲ့ထိကြည့်လိုက်သည်။ မျက်လုံးကမပွင့်သေး။

အမွေးတွေဟုထင်ရသည့်အရာတစ်ခုကို အိခနဲကိုင်လိုက်မိတော့ လူကလန့်သွားသည်။

'အမလေးလေး'

ကုတင်ပေါ်ကိုထထိုင်မိပြီး ကြောက်လန့်တကြားကြည့်လိုက်မိတော့မှ ကောင်လေးက သူ့ဘေးနားရောက်နေခြင်း။

မနေ့ညကမှ ကြောင် ၂ ကောင်အ‌ဖေ ချက်ချင်းဖြစ်သွားပြီး ဒီနေ့မနက်တော့ ကလေးတွေကိုမေ့နေမိသည်။

'ဪ ကောင်လေးပဲ ဆောရီးကွာ မင်းတို့ကိုတောင်မေ့သွားတယ်..ဂိုမန်း...(တောင်းပန်ပါတယ်) ဗိုက်ဆာနေပြီလား...'

ကြောင်မည်းလေးကိုပွေ့ချီရင်း မနက်စောစော မြှူလိုက်သည်။

ဒီနေ့ တော့ သူ့အလှည့်မဟုတ်တာမို့ အလုပ်သွားစရာမလို။ အေးအေးဆေးဆေး နဲ့ အကြောဆန့်လိုက်ပြီး ကုတင်ပေါ်ကဆင်းလိုက်သည်။

ကိုယ်တိုင်ကမျက်နှာအရင်မသစ်ခင် ကြောင်စာခွက်ထဲကို ကြောင်စာတွေထည့်ပေးလိုက်သည်။

ကောင်မလေးက ကြောင်စာနံ့ရလို့ထင်သည်။

အိမ်ရှေ့မှာအိပ်နေရင်းကနေ အသည်းအသန်ပြေးလာသည်။

ဟရုတိုက ရေချိုးခန်းထဲက သွားပွတ်တံကို သွားတိုက်ဆေးထည့်ပြီး တိုက်လျက်သားနဲ့ အပြင်ပြန်ထွက်လာသည်။

သွားတိုက်နေရင်းနဲ့ မနက်စာစားနေတဲ့ ကြောင်လေး ၂ ကောင်ကို ထိုင်ကြည့်နေလိုက်သည်။

'ဪ ဘဝ ဘဝ ငါတောင် ကြောင်တွေကိုချစ်တတ်နေပြီလား'

တွေးရင်းနဲ့ ရယ်လိုက်မိပြန်သည်။

နေ့ချင်းညချင်းကို ကြောင်ချစ်သူဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့အားသင့်မိသည်။

စိတ်ဓာတ်ကျနေတာတောင် မနေ့ညက ဘယ်ရောက်သွားမှန်းမသိ။

'ဒါနဲ့ ငါအလုပ်သွားရင် သူတို့ ၂ကောင်ကို ဘယ်လိုလုပ်ခဲ့ရပါ့မလဲ'

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now