22 ( U +Z )

369 64 12
                                    

(unicode)

Staff တွေအကုန်လုံးက မနေ့ကတည်းကပြန်သွားပြီမို့ ဟိုတယ်မှာတောင်တိတ်ဆိတ်သွားသလိုခံစားရသည်။ ဘဝမှာ ပထမဆုံးနဲ့‌နောက်ဆုံးဖြစ်မယ့် မော်ဒယ်ဘဝကနေ ကျွတ်ပြီမို့ ပျော်ပျော်ကြီး အခန်းထဲမှာ ဆက်အိပ်နေလိုက်သည်။

နောက်ဆုံးနေ့ကျမှ အိပ်ရာကပိုလို့တောင်အိပ်ကောင်းနေသလို။ တစ်ဖက်ကုတင်ပေါ်က မန်နေဂျာမှာလည်း တစ်ညလုံးပင်ပန်းနေပုံရသည်။ အိပ်နေတာမှသိုးလို့။ သူကတော့ ကလေး ၄ ယောက်ကို ထိန်းရင်းနဲ့ ခြေကုန်လက်ပန်းကျနေပြီထင်သည်။ အခုနေ ဆင်တက်နင်းရင်တောင် နိုးမယ့်ပုံမပေါ်။

၄ နာရီနှိုးစက်မြည်ပေမယ့် မထသေးပဲ ဆက်အိပ်လိုက်သည်။ နောက်ဆုံးနေ့မှာ ဂျယ်ဂျူရဲ့ နေထွက်ချိန်ကြည့်မယ်လို့ လော့ဝူကို ကတိပေးထားပေမယ့် မထချင်တော့။

လော့ဝူကိုဖုန်းဆက်လိုက်တော့ ၅ နာရီမှသွားလည်းရတယ်ဆိုတာနဲ့ ၁ နာရီလောက်ထပ်အိပ်ဖို့ပြင်လိုက်သည်။

၄ နာရီကနေ ၅ နာရီထိုးသွားတာကလည်း အီးတစ်ပေါက်တောင်မကြာ။ နှိုးစက်ကမြည်ပြန်သည်။ နှိုးစက် ၂ ခါမြည်တာတောင် မနှိုးတဲ့ မန်နေဂျာကိုပဲကြည့်ဦး။

‘မင်းအစား ငါသနားတယ် မန်နေဂျာရေ’

သနားကရုဏာသက်စွာနဲ့ စောင်တောင်ထပ်ခြုံပေးလိုက်သေးသည်။ တကယ်တော့ ဟရုတို စောင်မခေါက်ချင်လို့သာ။

မျက်နှာသစ် အဝတ်အစားလဲပြီး ဟိုတယ်အောက်ကိုဆင်းလိုက်တော့ reception ရှေ့က ခုံမှာ လော့ဝူက အဆင်သင့်ထိုင်စောင့်နေသည်။

‘အစ်ကို လာပြီလား’

လာနေတာမြင်ရဲ့သားနဲ့ လာပြီလား လို့မေးစရာလား? ဒီတရုတ်ကောင်လေးက တကယ်မလိုတာတွေတအားမေးတာပဲ။

‘အင်း သွားကြမယ်လေ’

‘ဟုတ်’

ဟိုတယ်နဲ့မနီးမဝေးက ရေစပ်နားကိုလမ်းလျှောက်သွားကြရင်း လော့ဝူက ဟရုတိုကိုတစ်ချက်တစ်ချက်လှည့်လှည့်ကြည့်သည်။

‘ဘာဖြစ်လို့လဲ’

‘ဪ ဒီနေ့တော့ အပေါ်ထပ်ဝတ်လာသားပဲ လို့ပြောမလို့’

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now