အလုပ်အားတုန်း ဟရုတိုရဲ့ကြောင်လေးကိုဆက်ရှာဖို့ ဂျီဟွန်းကတစ်လှည့်တာဝန်ယူပေးလိုက်သည်။ ဒီနေ့နဲ့ဆို ၈ ရက်မြောက်။ ဟရုတိုကတော့ ဘာမှမဖြစ်ဘူး ဆက်ရှာဦးမှာလို့ ပြောပေမယ့် သူကတော့ မျှော်လင့်ချက်ထားမနေတော့။ ဒါပေမယ့်လည်း ရှာပေးရဦးမှာပေါ့...သူနဲ့အတူနေပေးနိုင်တာဆိုလို့ ဒီကြောင်လေး ၂ ကောင်ပဲရှိတာကို…
ဘာလို့ရယ်မှန်းလဲတော့မသိ။ အရင်ဆုံး ဟရုတိုရဲ့အိမ်ကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်မိသည်။ သူ့ဆိုင်အခြေအနေကိုတစ်ချက်ကြည့်ပြီးတဲ့နောက် ဟရုတိုအိမ်ဆီလမ်းလျှောက်သွားလိုက်သည်။
ခြံတံခါးဖွင့်ပြီးဝင်လိုက်တော့ အိမ်တံခါးမရှေ့မှာ တုံးလုံးလေးလဲနေတဲ့ ကောင်လေးကို တွေ့လိုက်ရသည်။
ဂျီဟွန်းလည်း ခပ်သွက်သွက်လျှောက်သွားပြီး သွားလှုပ်ကြည့်တော့ အမြီးတော့ ပြန်လှုပ်ပြသည်။‘တော်သေးတာပေါ့ ကောင်လေးရာ...အသက်မရှိတော့ဘူးထင်နေတာ..လာထ အိမ်ထဲဝင်မယ်’
‘လာလေ’
ကောင်လေးက တုံးလုံးလှဲနေရာကနေ ထမလာသေး။
‘ဟေ့ကောင်’
ဂျီဟွန်းက ကောင်လေးကို ထပြီးထူပေးလိုက်ပေမယ့်လည်း သူကလမ်းမလျှောက်နိုင်ဘဲ ပြန်လဲကျသွားသည်။
‘ဟာ’
မနေနိုင်မထိုင်နိုင် ကြောင်ကို ပွေ့ချီလိုက်ပြီး အိမ်ထဲဝင်သွားရတော့သည်။
‘ဪ ရနှယ့် ပွေ့ချီမယ့်ချီရတော့လည်း ကြောင်တဲ့လား ပတ်ဂျီဟွန်းရာ’
ဒါပေမယ့် ကောင်လေးကို ကြည့်ရတာအခြေအနေမဟန်တာမို့ ဟရုတိုကိုဖုန်းဆက်ရမည်။ ဂျောင်ဝူးရဲ့ဖုန်းနံပါတ်ကိုလည်း အခုထိ ယူမထားမိသေး။
‘နေဦး...ဟရုတိုကိုပြောလို့ဖြစ်ရဲ့လား..အလုပ်မလုပ်နိုင်ဘဲနေဦးမယ်’
ဖုန်းမဆက်ခင်ပြန်စဉ်းစားပြီး ဝက်ဆိုဒ်ကနေ ဆိုင်လိပ်စာကိုရှာပြီး ဖုန်းနံပါတ်ယူလိုက်သည်။
Treasure တိရစ္ဆာန်ကုဆေးခန်း...ဖုန်းနံပါတ်…
‘ဟယ်လို Treasure တိရစ္ဆာန်ဆေးခန်းကပါရှင်’
YOU ARE READING
A Vet's Pet (Hajeongwoo/RuJeongwoo)