12 (unicode)

294 73 5
                                    


ဒီနေ့ ဟရုတိုသင်ပေးနေတဲ့ ကလေး ၄ ယောက် debut မယ့်နေ့။

ညနေ ၆ နာရီမှ debut song ထွက်မှာကို မနက် ၆ နာရီကတည်းက စိတ်လှုပ်ရှားပြီး တက်ကြွနေတာက ဟရုတို။

သူတက်ကြွတာကအကြောင်းမဟုတ် မနက်အစောကြီး ဂျောင်ဝူးကို ဖုန်းဆက်ပြီး အိပ်ရာကနှိုးနေတာက ပြဿနာ။

" ဟင်...ရုတို?" အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်လိုက်ပြီးမှ နားနဲ့ဖုန်းကိုခွာပြီး နာရီကိုကြည့်လိုက်သည်။

မနက် ၆ နာရီ။

"၆ နာရီပဲရှိသေးတာ ဘာဖြစ်လို့လဲ"

ဖုန်းကိုပါးပေါ်တင်ထားလိုက်ပြီး လက်ကိုစောင်ထဲပြန်ထည့်လိုက်သည်။

"စက်ဘီးပတ်စီးရအောင် ထတော့"

"မထဘူးးးးး ညက ၂ နာရီမှ အိပ်ထားတာ။ မထဘူးကွာ"

"မထရင် ငါသော့ဖျက်ပြီးဝင်လာမှာနော်"

"ဟင် မင်းက ဆေးခန်းရှေ့မှာလား"

"အင်း"

ဂျောင်ဝူး အိပ်ရာပေါ်ကနေဇက်ကနဲထလိုက်သည်။ ပြီးတော့ ပြန်လှဲချလိုက်သည်။

"ဖျက်တတ်ရင်ဖျက်ဝင်လိုက်ကွာ ငါတော့အိပ်ပြီ"

ဖုန်းချလိုက်ပြီး ဆက်အိပ်သည်။ မေ့မေ့လျော့လျော့‌နဲ့ကိုအိပ်လိုက်မိသည်။ ဟရုတိုက လျှို့ဝှက်နံပါတ်သိတယ်ဆိုတာကိုသူမေ့နေတာ။

"ဟေ့ကောင် ထ"

အိပ်နေတဲ့ ဂျောင်ဝူးခြုံထားတဲ့ စောင်ကိုလာဆွဲဖယ်လိုက်တော့ ဂျောင်ဝူးလန့်သွားသည်။

"အိုမား!!"

"ဟာ ရုတိုရာ.. လန့်လိုက်တာကွာ"

"အေး နိုးလို့ပဲတော်တော့တယ်။ စောင်ဖယ်လို့မှ မနိုးရင်လည်းမင်းကိုချီပြီး ရောင်းစားလိုက်တော့မယ်။

ဟရုတိုက ကုတင်ဘေးမှာ မတ်တပ်ရပ်ပြီး လက်ပိုက်လျက်ပြောသည်။ဂျောင်ဝူးကတော့ မထသေးဘဲ ကွေးကွေလေး အိပ်နေတုန်း။

"ချီနိုင်တာလည်းမဟုတ်ဘဲနဲ့...ဝှါးးး ငါဆက်အိပ်မယ် မင်းပဲစီး"

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now