11 (unicode)

297 69 5
                                    

မနက်ကတည်းကဖင်တကြွကြွဖြစ်နေတဲ့ ဆရာဖြစ်သူကို ကောင်လေး ၄ ယောက်က အရိပ်တကြည့်ကြည့်။

တမင်တကာ တစ်နေရာမှားအောင်ကသွားတာတောင်ညသူကမမြင်။

ဂျေဟော့က အဆဟိကို မျက်စပစ်ပြလိုက်တော့ အဆဟိကလည်း ခေါင်းညိမ့်ပြသည်။

"အား….. အစ်ကို အစ်ကို" အဆဟိက ကနေရင်းနဲ့ပစ်လဲပြီး ခြေထောက်ကို မြှောက်ထားရင်း အော်နေတော့သည်။

ဟရုတိုက မှန်ရှေ့ထိုင်နေရာကနေ ပြာပြာသလဲ ထလာပြီး ‌အဆဟိခြေထောက်ကိုလာကြည့်သည်။

" ဟားးဟားး နောက်တာ "  လို့ပြောပြီး အဆဟိက ပုံမှန်အတိုင်းပြန်နေတော့သည်။ ဂျေဟော့နဲ့လည်း လက်ဖဝါးချင်း ရိုက်လိုက်သေးသည်။

" ဟာ လန့်သွားတာပဲကွာ အဲ့လိုမနောက်ပါနဲ့" ဟရုတိုကလည်း နောက်ပြန်ထိုင်ချပြီး ရင်ဘတ်ကိုလက်နဲ့ဖိထားပြီး ပြောလိုက်သည်။

" အဲ့လိုမှမလုပ်ရင် အစ်ကိုက ကျွန်တော်တို့ကိုမကြည့်ဘူးလေ… အစ်ကိုပြောဦး..ဘာတွေဖြစ်နေတာလဲ"

ဂျေဟော့ကမေးတော့ ကျန်တဲ့ ၃ ယောက်ကလည်းသိချင်စိတ်လေးတွေနဲ့ မျက်လုံးလေးတွေဝိုင်းလို့။

"ဘာမှမဖြစ်ပါဘူးကွာ"

"ဘာကိုဘာမှမဖြစ်တာလဲ အစ်ကိုကတော့ နောက်ပြီ..ကျွန်တော်တို့ကိုဖြင့်တစ်စက်လေးမှလှည့်မကြည့်ဘဲနဲ့...ဒီလိုကြီးထိုင်ပြီးတော့ ငိုင်နေတာ"

ဒိုယောင်းက ခါးကြီးကုန်းပြီး ငိုင်ငိုင်ကြီးနဲ့ ထိုင်ပြလိုက်တော့ ဟရုတိုရယ်လိုက်မိသည်။

တကယ်ပဲပြောပြလိုက်ရမှာလား? ကလေးတွေကိုပြောလို့ဖြစ်ပါ့မလား? သူတို့ကိုမပြောပြဘဲ အစ်ကိုဂျီဟွန်းတို့ကိုပဲ ပြောပြလိုက်ရမလား? အစ်ကိုတို့ဆိုရင်သူ့ကိုလှောင်နေမလား?

" ဟျောင်း ပြောလေ မပြောရင် ဒီနေ့အကမလေ့ကျင့်ဘူးနော်"

ဂျောင်ဟွမ်းကပါ ပြောလာတော့ ဟရုတိုလက်မြှောက်လိုက်ရသည်။

"အစ်ကို့သူငယ်ချင်းရဲ့သူငယ်ချင်းပေါ့"

ဟရုတိုက အစချီသည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now