“စာမေးပွဲဖြေပြီးရင် ဂိတ်ဝမှာ သေချာရှာ ဆရာစောင့်နေမယ်” လို့စာပို့ထားတာမို့ စာမေးပွဲဖြေပြီး တဲ့နောက် အမြန်ပြေးထွက်ပြီး ဂိတ်ဝမှာ ရှာရတော့သည်။
ဘယ်နေရာမှာ ဘယ်လိုရပ်နေပြီး ဘယ်လိုများလာရှာမလဲပေါ့..
ပန်းစည်းလေးများကိုင်ထားမလား? အအေးဘူးလေးများကိုင်ထားမလား? ပေါင်မုန့်ထည့်တဲ့ စက္ကူအိတ်လေးများထိုင်ထားမလားဆိုပြီး ယောက်ျားလေးတိုင်းကို လိုက်ကြည့်နေမိသည်။
ဘေးလွယ်အိတ်ကိုအရှေ့မှာပိုက်ထားရင်း ဆရာ့ကိုရှာနေပေမယ့် မတွေ့။
‘လွယ်လွယ်ကူကူရှာလို့ရမယ့်နေရာမှာ မရှိရင် ဘယ်မှာပါလိမ့်’
ကျောင်းတံခါးဝကနေထွက်လာပြီး အပြင်ကလမ်းမပေါ်မှာ ဘယ်ညာကြည့်မိသည်။ တကယ်တော့ ဆရာက ပန်းစည်းတွေ အအေးဘူးတွေ ဘာမှကိုင်မလာခဲ့။ ကားတစ်စီးဘေးမှာသာရပ်စောင့်နေခဲ့သည်။
ကားကိုနောက်ပြန်မှီထားပြီး ဘောင်းဘီအိတ်ထဲကိုလက်ထည့်ထားပုံက မြင်နေကြပုံစံနဲ့ကွဲထွက်နေတော့ ကြည့်လို့မဝ။ အသစ်အဆန်းဖြစ်နေပေမယ့် ရိုးမသွားမယ့် ပုံစံလေးမို့ ဖုန်းထုတ်ပြီး ဓာတ်ပုံအမြန်ရိုက်လိုက်သည်။
‘ဆရာ့’
‘ဟာနာ’
အကယ်၍သူမသာ ဇာတ်ကားထဲက အဓိက ဇာတ်ဆောင်မင်းသမီးသာဆိုရင် သူ ဂျောင်ဝူးဆီပြေးလာတဲ့ပုံကို slow motion နဲ့ရိုက်ပြလိမ့်မည်ထင်သည်။ တကယ့်လက်တွေ့ဆိုပေမယ့် သူမကမကြာခင်မှာ ဂျောင်ဝူးဘဝရဲ့ အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တော့မှာမို့ ဒါတွေစိတ်မဝင်စားတော့ပါ။
‘ဆရာ့ကိုလိုက်ရှာနေတာ’
‘ကားကဒီမှာပဲရပ်လို့ရတော့ ဒီမှာပဲစောင့်နေလိုက်တော့တာလေ’
‘ဟုတ်…’ သူမက ချစ်စရာအကောင်းဆုံးဖြစ်အောင်ပြုံးပြလိုက်ပါသည်။ ဂျောင်ဝူးတစ်ယောက်ဒီအပြုံးမှာ ကျရှုံးသွားဖို့ကိုလည်းမျှော်လင့်သည်။
‘ကားပေါ်တက်...ပန်းခြံထဲမှာ မုန့်သွားစားကြတာပေါ့...ညနေလည်းစောင်းနေပြီဆိုတော့’
YOU ARE READING
A Vet's Pet (Hajeongwoo/RuJeongwoo)