အပြင်ကနေကြည့်ရင်တော့ အထဲမှာ ဘာတွေဖြစ်နေမှန်းသိမည်မဟုတ်။
တိတ်ဆိတ်ငြိမ်သက်နေတဲ့အဆောက်အဦကြီးတစ်ခုဟုလည်းထင်နေနိုင်သည်။
လူတိုင်းကလည်း ဒီအဆောက်အဦမြင်တိုင်း စိတ်ဝင်တစားကြည့်ပြီး ကျော်သွားကြသည်။
အထဲမှာတော့ ဖိအားတွေရော ပြိုင်ဆိုင်မှုတွေရော အပြည့်။
'ဒိုယောင်း ငါပြောထားတယ်လေ... ဒီနားမှာ ခါးကိုကော့ပြီး မျက်နှာကိုမော့ပါလို့'
'ပြီးတော့ ဂျေဟျော့ မင်းက နည်းနည်းပိုပြုံးမယ်..ကနေပေမယ့် အသက်မပါသလိုပဲ'
ဆရာပီပီ ဟရုတိုက လိုအပ်ချက်တွေကိုထောက်ပြပြီး ဆူလိုက် ချော့လိုက်လုပ်နေရသည်။
တစ်မနက်လုံး တစ်မိနစ်မှမနား လေ့ကျင့်နေတာမို့ သင်တန်းသားတွေလည်းပင်ပန်းနေမှာသေချာသည်။
'ကဲ ဒီတစ်ခေါက်ပဲကပြီးရင် နားမယ်နော်...မင်းတို့ vocal အတန်းသွားရဦးမှာမလား'
'ဟုတ်ကဲ့'
ကလေးများက တက်ကြွစွာနဲ့ ပြန်ဖြေကြသည်။
'အိုကေ ဒါဆိုပြီးရင် နေ့လည်စာသွားစားကြတာပေါ့...အစ်ကိုဝယ်ကျွေးပါ့မယ်'
'ရေးးးးးး'
စောစောကအဆူခံလိုက်ရလို့ အားလျှော့သွားကြတဲ့ ကလေး ၄ ယောက်က အားအပြည့်နဲ့ ပြန်အကကျင့်ကြတော့သည်။
'ကောင်းကောင်းစားပါ့မယ်'
မှာထားတဲ့ ကြက်ကြော်ပွဲကြီးကို သွားရည်တမြမြနဲ့ကြည့်နေပြီးနောက် အသေဆွဲကြတော့သည်။
ဟရုတိုက စားပွဲကနေထပြီး အအေးသွားမှာလိုက်သည်။
'အိုက်စ်အမေရိကာနို ၁ ခွက်နဲ့ ကိုလာ ၄ ဘူးပေးပါ'
အအေးမှာပြီး ကောင်လေး ၄ ယောက်ကို လှမ်းကြည့်လိုက်တော့ အားရပါးရစားနေကြတာကိုမြင်လိုက်ရသည်။
ဟရုတိုစရောက်တဲ့ အချိန်တုန်းက သူတို့ကလည်းငယ်ငယ်လေးပဲရှိသေးသည်။
ပြောရမည်ဆိုရင် ထိုကလေး ၄ ယောက်လုံးကသူ့လက်ထဲမှာ ကြီးပြင်းလာသည်လို့တောင်ပြောလို့ရသည်။
YOU ARE READING
A Vet's Pet (Hajeongwoo/RuJeongwoo)