'အား....အီး....အုဖ်' အသံပေါင်းစုံထွက်ပြီး လက်ကိုအမြင့်ကိုမြှောက်ကာ အကြောဆန့်လိုက်သည်။
တစ်နေကုန် ဆေးထိုးလိုက် ရောဂါကုလိုက်နဲ့မို့ သောကြာနေ့တိုင်းကတော့ ပုံမှန်နေ့တွေထက် ပိုပင်ပန်းသည်။
တိမွေးကုဆေးခန်းဖွင့်တုန်း အဖေပြောတာသတိရသေးသည်။
'မင်း တိမွေးကုတက်တုန်းကလည်း ငါနဲ့ ရန်ဖြစ်ပြီးပြီ။ ဒီလိုဆေးခန်းဖွင့်တာ မင်းလောက်မယ်ထင်လို့လား။ သုံးနိုင် ဖြုန်းနိုင် မယ်ထင်လို့လား' တဲ့။
အခုအခြေအနေကို အဖေများတွေ့ရင် ဘယ်လိုမှတ်ချက်ပေးမလဲမသိ။
'အင်း...အဆင်ပြေနေသားပဲ' လို့ပြောမလား။
'အရင်တိုင်းပါပဲ မင်းစားဖို့သောက်ဖို့လောက်ရဲ့လား' လို့ပြောမလား။
ဘယ်လိုပဲနေနေပါ...အဖေကတော့ အဆင်ပြေနေရင်တောင် အဆင်ပြေနေပါလားလို့ ပါးစပ်ကနေထုတ်ပြောမယ့်သူမဟုတ်မှန်းသိနေတာပဲ...
'အပျင်းကြောကို တော်ရုံဆန့်ပါ...လူလည်း ခေါင်မိုးပေါ်ကနေ ပေါက်ထွက်သွားဦးမယ်'
ရဲဒမ်က အထုတ်တစ်ထုတ်ကိုင်ရင်း အိမ်ပေါ်ကနေအောက်ကိုဆင်းလာသည်။
'ဘယ်လဲ ရဲဒမ်'
'အမှိုက်သွားပစ်မလို့လေ...တအားများနေပြီ'
ရဲဒမ်ကအထုတ်ကိုမြှောက်ပြပြီး ပြောလိုက်သည်။
ဂျောင်ဝူးက နာရီကိုမော့ကြည့်လိုက်တော့ ၁၀ နာရီ ၃၅ မိနစ် ကိုပြနေသည်။
နောက် ၂၅ မိနစ်အတွင်း တော့ ဆေးကုမယ့်သူမလာလောက်ပါဘူးနော်...
၁၀ နာရီကတည်းကထိုင်စောင့်နေတာတောင်မလာသေးတာပဲ...
'ရဲဒမ် အဲ့တာငါ့ကိုပေးလိုက်...ငါအပြင်သွားရင်း ပစ်လိုက်မယ်'
'အိုကေ ကျေးဇူးပေါ့...ငါအလုပ်ဆက်လုပ်လိုက်ဦးမယ်'
ဂျောင်ဝူးအပြင်ထွက်ခါနီး ရဲဒမ်က လှမ်းစကားပြောလိုက်သည်။
'ဟရုတို နဲ့ချိန်းထားတာလား'
'အွန်း'
ဘာမှဆက်မပြောဘဲ ပြုံးပြီး အပေါ်ဆက်တက်သွားသည်။
YOU ARE READING
A Vet's Pet (Hajeongwoo/RuJeongwoo)