23 ( U + Z )

404 71 15
                                    

Unicode

ဂျယ်ဂျူကပြန်ရောက်သည်နှင့် ‌နောက်နေ့တန်းပြီးအလုပ်ဆင်းသည်။ ကောင်လေး ၄ ယောက်က ပြန်မလာသေးပေမယ့် နောက်အတန်းတွေကရှိသေးတာမို့ ခွင့်ပေးလည်းမလိုချင်။

Trainee လေးတွေကအမြဲ လာပြီးလေ့ကျင့်နေတာမို့ တစ်ချိန်မဟုတ်တစ်ချိန်တော့ဝင်ပြပေးရသည်။
ပြီးတော့...ဒီနေ့ အလုပ်မလုပ်လိုက်ရရင် တစ်ချိန်လုံးဒါကြီးကိုပဲတွေးနေမှာလည်းစိုးသည်။

မနေ့က စာတင်ပြီးကတည်းက အခုထိ ဘာမှအကြောင်းပြန်မလာသေး။ တစ်ညလုံး နဲ့ တစ်မနက်လုံး။

သူ့မှာလည်း အင်စတာဂရမ် အကောင့်ရှိရဲ့သားနဲ့ like လည်းလာမပေး comment လည်းလာမရေး။ ယုတ်စွအဆုံးဖုန်းလည်းမဆက် စာလည်းမပို့သေးတဲ့ ဂျောင်ဝူးကို ဟရုတိုအားမလိုအားမရဖြစ်နေပြန်သည်။

‘မင်းကဘာတွေကိုမျှော်လင့်နေတာလဲ ဟရုတို…’ ကနေရင်းနဲ့မှန်ကိုကြည့်ပြီး စိတ်ထဲကနေပြောလိုက်သည်။

မနက် ၁၀ နာရီမှာ ချွေးတွေက နဖူးကနေ ကြမ်းပြင်အထိကျနေသည်။ ဝတ်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီအပါးမှာလည်း ချွေးတွေကြောင့် ခန္ဓာကိုယ်နဲ့ကပ်နေသည်။

‘ဟာ အစ်ကိုက ဘော်ဒီကလည်းအမိုက်စားဗျာ’

ဒီကောင်လေးတွေကတော့ အလယ်တန်းအရွယ်သာရှိသေးတာမို့ ပွင့်ပွင့်လင်းလင်းနဲ့ သွက်သွက်လက်လက်လေးတွေ။

‘မင်းတို့လည်းကြီးလာလို့ အရပ်ရှည်လာရင် မိုက်လာမှာ’

‘အစ်ကိုသိလား..ကျွန်တော့်အစ်မတွေဆို အခု ဟရုတိုမှ ဟရုတိုဖြစ်နေတယ်..’

ကောင်လေးတစ်ယောက်က ဝင်ပြောတော့ အံ့ဩသွားရပြန်သည်။ ဘာလို့ပါလိမ့်…

‘မနေ့ကဆို ယောက်ျားလေးဝတ်အင်္ကျီတစ်ထည်ဝယ်လာတယ် ဝမ် ၇ သောင်းခွဲတဲ့..ကျွန်တော့်ဖို့ထင်လို့ အစကပျော်နေတာ..ပြီးမှ သူ့ဖို့တဲ့ .. ဘာလို့လဲဆိုတော့ ဟရုတို ကြော်ညာတာမို့လို့တဲ့ အစ်ကို’

သူကပြောတော့ ကျန်တဲ့ကောင်လေးတွေကရယ်သည်။

ဟရုတိုကတော့ စိတ်မဝင်စားတာမို့ သူ့ပုံနဲ့ ကြော်ညာနေပြီဆိုတာတောင်မသိ။ ဆိုင်မှာလည်း သူ့အရပ်အတိုင်းနဲ့ standee ကြီးထောင်ထားမှန်းလည်းမသိ။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now