9 (zawgyi)

137 10 1
                                    

အသက်တွေလည်း ၂၀ ကျော်...ကျောင်းလည်းပြီး ဘွဲ့တွေလည်းရ ... အလုပ်ကိုယ်စီလုပ်နေကြလို့ ဘဝကြီးက အဆင်ပြေနေပြီလို့ ထင်နေကြရင် မှားသွားလိမ့်မည်။

အမေပြောပြောနေတဲ့ 'ဘဝကြီးက အခုမှစမှာ' ဆိုတာ တကယ်ကိုအဟုတ်။

အစသာရှိပြီး အဆုံးမရှိတဲ့ ဘဝကြီးပေါ့...တစ်လမ်းလုံးလည်း တောင်တွေ မြစ်တွေ ပင်လယ်တွေ ဆူးညှောင်ခလုတ်တွေကလည်း များပါ့...

'မင်း ဟိုအရင်တစ်ခါကပြောတဲ့ ကိစ္စကရော အဆင်ပြေပြီလား'

ယိုရှိက ကလေးတွေအတွက် စာပြင်ရင်း ဘေးမှာ အကလေ့ကျင့်နေတဲ့ ဟရုတိုကိုလှမ်းမေးလိုက်သည်။

ဒါကတော့ ၂ ခန်းမရှိတဲ့ ယိုရှိရဲ့ အိမ်။

အိမ်တံခါးမကြီးကိုဖွင့်ပြီးဝင်လိုက်တာနဲ့ ဘာအခန်းမှခွဲထားခြင်းမရှိဘဲ ဟောလိုက်ကြီးမြင်ရမယ့် ယိုရှိရဲ့အိမ်။

'တော်သေးတာပေါ့ အိမ်သာလေးတော့ သက်သက်လုပ်ထားလို့' ဆိုတဲ့စကားကိုတော့ ဂျီဟွန်းဆီကအမြဲကြားရတတ်သည်။

ဝင်ဝင်ချင်း ရှေ့တည့်တည့်မှာ မီးဖိုချောင်နဲ့ ထမင်းစားပွဲခုံ... ဘယ်ဘက်မှာက မွေ့ရာခင်းထားတဲ့ အိပ်ယာနဲ့ စာကြည့်စားပွဲ...ညာဘက်မှာက မှန်အပြည့်ကာထားတဲ့ နံရံတစ်ခု နဲ့ ဗီရို ၂ ခု။

အရင်ကတော့ ကုမ္ပဏီနဲ့ စတူဒီယိုမှာ သွားသွားကပေမယ့် ယိုရှိနဲ့ခင်ပြီးနောက် သူ့အိမ်မှာပဲ သွားကျင့်လေ့ရှိသည်။

'အဲ့ဟာလား...မပြေသေးပါဘူးကွာ...အခုထိကျွန်တော့်ကို pressure တွေပေးနေတုန်းပဲ'

'မင်းလုပ်ပါလားကွ..ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာပဲနေတော့မှာပဲမလား'

'စိတ်မဝင်စားဘူး...ကျွန်တော်ကဒီအတိုင်း အကပဲသင်ပေးချင်တာ'

ဟရုတိုက ကနေရင်းဆက်ပြောသည်။ အသက်ကိုလည်း လုရှုနေရတာမို့ လူကမောနေတဲ့အသံ။

ယိုရှိက ဘေးကနေ သူ့ကိုရပ်ကြည့်နေသည်။ ဘောပင်ကို လက်ထဲမှာလှည့်ရင်း..မျက်ခြေမပြတ်ကြည့်နေသည်။

'ငါ့အထင်တော့ မင်း Idol လုပ်ရင် တော်တော်ပေါက်မှာကွ သိလား'

'ဘာလို့လဲ'

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now