14 (zawgyi)

115 13 4
                                    

‘ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် နောက်လည်းလာဝယ်ပါဦးနော်’

‘ပြန်အမ်းငွေပါရှင့်..ကျေးဇူးတင်ပါတယ်’

‘ဒါကတော့ ဈေးနည်းနည်းပိုကြီးပေမယ့် အမျိုးအစားကောင်းတာပေါ့ အန်တီ..ဒါကျတော့ များများကျွေးလို့ရပေမယ့် အရမ်းကြီးတော့မကောင်းဘူးပေါ့’

‘ဒါက တစ်လ ၁ ခါထည့်ပေးရုံပါပဲနော်’

အလုပ်ကိုသွက်သွက်လက်လက် လုပ်ပေးတတ်သည့် ဟာနာကြောင့် သောကြာနေ့တိုင်းလည်း လူဘယ်လောက်ကျကျ အရင်ကလိုမပင်ပန်းတော့။

သွက်လည်းသွက်သည်။ တိလည်းတိကျသည်။ စီးပွားရေးတက်နေသူပီပီ အတွက်အချက်နိုင်သည်။ စီမံခန့်ခွဲမှုနိုင်သည်။

ဟာနာကြောင့် သောကြာနေ့တွေမှာ ဟရုတိုက အရင်ကလို မုန့်လာမပို့ပေးတော့။

‘ငါလည်းမအားတော့ဘူး..ဟာနာရှိတာပဲ သူ့ကိုပဲခိုင်းလိုက်တော့’ လို့တစ်ခွန်းပဲပြောပြီး နောက် သောကြာနေ့တွေ ဘယ်တော့မှရောက်မလာတော့။ သောကြာနေ့တင်မဟုတ် ကျန်တဲ့ ၆ ရက်မှာလည်း နေ့ခင်း ၃ နာရီကနေ ၆ နာရီကြားမလာ။

ဟရုတိုတစ်ယောက် ဟာနာကိုဘာတွေများ သဘောမကျဖြစ်နေပါလိမ့်။

‘ဆရာ..ဆရာ့ ဒီဟာက ဘယ်လိုတိုက်ရတာလဲတဲ့ မေးနေတယ်လေ’

ဟာနာက ဘေးကနေ ဝင်ပြောတော့မှ ဆေးကုနေမှန်း သတိရသွားပြီး ဖြေလိုက်ရသည်။

‘ကြိုက်တဲ့အချိန်တိုက်လို့ရပါတယ်...တစ်နေ့ကိုတော့ တစ်ခါပဲတိုက်နော်’

‘ဟုတ်ကဲ့’

ဆေးခန်းလာပြတဲ့သူပြန်သွားတော့ ဟာနာက သိမ်းစရာရှိတာသိမ်းပေးရင်းနဲ့ မေးသည်။

‘ဆရာ အခုတလော စိတ်နဲ့ကိုယ်နဲ့သိပ်မကပ်သလိုပဲနော်...ဟာနာ ကူပေးလို့ရတာများရှိမလားဟင်’

‘ဪ ဘာမှမဖြစ်ပါဘူး .. ဒီတိုင်း စာတွေပြန်ကျက်နေရတော့ နည်းနည်းအာရုံစုစည်းမရတာပါ’

‘ဒါပေမယ့် ဆေးကုရင်တော့ သတိထားရမယ်နော် ဆရာ’

ဟာနာက အဝတ်စအသစ်တွေကို အထပ်လိုက် လာချပေးရင်း ချစ်စရာကောင်းစွာပြောလိုက်သည်။
ကျောင်းတက်တုန်းကလည်း ဒီလိုချစ်စရာကောင်မလေးတွေ တစ်စွန်းတစ်စတွေ့ခဲ့ဖူးပေမယ့် လိုက်ချိန်မရခဲ့လိုက်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now