21 (U+Z)

358 67 12
                                    

- Unicode -

အရဲစွန့်ပြီး ချိတုံချတုံဖြစ်နေရင်း စိတ်ဒုန်းဒုန်းချပြီး ဆက်လိုက်တဲ့ ဖုန်းက ပထမဆုံးတစ်ခေါက် "တူ" ဆိုတဲ့ အသံမြည်မြည်ချင်းမှာပဲ ကိုင်လိုက်တယ်တဲ့လား။

"ဟယ်လို"

"ဟယ်လို ရုတို"

"အင်း...ဘာလို့လဲ"

ဘာလို့လဲတဲ့...ရုတိုက ရုတိုနဲ့မတူလိုက်တာ။

"ဘာလို့ရမှာလဲ မင်းကစာလည်းမပြန် ဖုန်းလည်းမဆက်တော့ ငါပဲဆက်ရတာပေါ့"

"ဪ ပြန်လာရင် တွေ့မှာပဲကို ၂ ပတ်လောက်စကားမပြောရတာ ဘာဖြစ်လို့လဲ"

ဂျောင်ဝူး ဖုန်းကိုနား နားမှာ ကပ်ထားရင်း ကြားနေရတာတွေကိုပြန်တွေးတွေးနေရသည်။

အရှေ့မှာရှိနေတဲ့ ဆေးစာအုပ်တွေနဲ့ လက်တော့တစ်လုံးက သူ့ကိုလှောင်ပြနေသလိုပင်။

ပြီးတော့ အခန်းထောင့်မှာက ပိုင်ရှင်ဆီမရောက်သေးတဲ့ ကတ်ထူအိတ်လေးတစ်အိတ်။

"ရုတို မင်းပင်ပန်းရင် ဘာမှမပြောနဲ့ ဒါပေမယ့် ငါပြောတာတော့ နားထောင်ပေး"

"အင်း"

"အဲ့နေ့က ငါဟာနာဆီ ပြန်မသွားဘူး။ မင်းနောက်ကိုလိုက်ခဲ့တာ။ ဒါပေမယ့် ရှာမတွေ့ဘူး။ ငါဖုန်းတွေဆက်တယ် အိမ်ထိလာပေမယ့် မင်းကိုမတွေ့ဘူး"

"အင်း"

"နောက်နေ့ကျ ငါဆေးခန်းပိတ်ပြီး လာဖို့လုပ်ပေမယ့် ‌မနက်ကတည်းက လူနာတွေရောက်‌နေလို့ မလာဖြစ်ခဲ့ဘူး သောကြာနေ့လေ"

"အင်း"

"ငါပြန်လာတော့မင်းမရှိတော့ဘူး ငါလေဆိပ်ထိလိုက်လာတယ် မင်းကထွက်သွားပြီ"

"အင်း"

အင်း တစ်လုံးတည်းဖြေနေတဲ့ ဟရုတိုကို အနားမှာသာရှိနေရင် ဆွဲညှစ်မိမယ်ထင်သည်။

"ပြီးတော့ မင်းက ငါ့ကိုစာလည်းမပြန်ဘူး အခုအချိန်ထိပေါ့"

"အင်း"

"ရုတို အင်းပဲ ဖြေမနေနဲ့လေ"

"မင်းပဲ ငါ့ကိုပင်ပန်းနေရင် ဘာမှမပြောနဲ့ ငါပြောတာပဲနားထောင်ဆို"

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now