25 (U+Z)

459 75 2
                                    

Unicode

(ဟရုတိုအစည်းအဝေးလုပ်နေချိန်က)

"လော့ဝူ...မင်းနောက်တစ်ယောက်ရနေတာမဟုတ်ဘူးမလား"

"အစ်ကိုကဘာလို့စိတ်ဝင်စားနေတာလဲ။ ပြတ်ပြီဆို။ ကျွန်တော်တို့လမ်းခွဲပြီးပြီလေ"

လော့ဝူတစ်ယောက် တက္ကစီ အသည်းအသန်ငှားနေတုန်း ဘေးကနေ လူတစ်ယောက်က စက္ကန့်မလပ် စကားတွေပြောနေသည်။

"အာ အဲ့တာ အစ်ကိုစိတ်ဆိုးနေတုန်းပြောလိုက်မိတာပါကွာနော်...မင်းကလည်း ကိုယ့်ကိုအထင်လွဲနေတာကိုး"

လော့ဝူက ထိုလူကိုမျက်စောင်းထိုးကြည့်လိုက်သည်။

"လော့လော့ရာ...အစ်ကိုတို့လမ်းမခွဲကြရအောင်နော်..အစ်ကိုလည်းမကောင်းတာတွေပြင်ပါ့မယ်နော်"

လော့ဝူရဲ့လက်မောင်းကိုဆွဲပြီးပြောနေတဲ့ပုံက ဒူးထောက်မတောင်းပန်ရုံတမယ်။

"တက္ကစီပေါ်မှာဆက်ပြော..တက်တော့"

"ဘယ်သွားနေတာလဲ လော့လော့"

"ဓာတ်ပုံထဲမှာပါတဲ့ အရိပ်ပိုင်ရှင်‌ဆီ"

"ဘာ! သူနဲ့ဘာလို့သွားတွေ့မှာလဲ။ လော့ ကိုယ်ပြောတာကိုမင်းကနားမထောင်ဘူးလား...မယုံတော့ဘူးလားဟမ်"

ထိုသူရဲ့အသံက မာပြီး ကျယ်သွားတာမို့ ကားသမားဦးလေးကပါ နောက်မှန်ထဲကနေ မျက်လုံးကိုလှန်ကြည့်လိုက်သည်။

"တွေ့လား တစ်ခုခုဆို ဘာမှန်းမသိသေးဘဲ အရင်ဒေါသထွက်မယ်ဆိုတာပဲ...အဲ့တာကိုပဲကျွန်တော်မကြိုက်တာ"

လော့ဝူကပြန်ပြောလိုက်တော့ သူကအသံတိတ်သွားသည်။

"ဒီနေ့ အလုပ်မသွားဘူးလား။ ဘာလာလုပ်နေတာလဲ။ ဆေးရုံမှာ လုပ်စရာမရှိဘူးလား"

"ဆေးရုံရဲ့ ဒါရိုက်တာတစ်ယောက်က အလုပ်မရှိဘဲနေမလားကွ။ မင်းအတွက် အကုန်ပစ်ထားပြီး ‌ဒီနေ့လစ်ထွက်လာတာ"

လော့ဝူကပြုံးလိုက်သည်။ သူ့လူကြီးက စိတ်ကြီးပေမယ့် အခုထိသူ့ကိုချစ်နေတုန်းပဲဆိုတာ သိသာနေတာမို့ မသိမသာပျော်လိုက်မိသေးသည်။

* အစ်ကိုဟရုတိုရေ ကျွန်တော့်ဘက်ကတော့ အဆင်ပြေဖို့သေချာနေပြီမို့ အစ်ကို့အတွက်ကျွန်တော် ကြိုးစားပေးပါ့မယ် *

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now