3 (zawgyi)

166 12 0
                                    

ကိုရီးယားကိုရောက်တာ ၅ နှစ်ရှိပြီဆိုပေမယ့် အခုအချိန်ထိ ရေရေရာရာ သူငယ်ချင်းရယ်လို့မှ လက်ချိုးရေတောင် လက်တစ်ဖက်မပြည့်။

ဂျပန်မှ ကျိကျိတက်ချမ်းသာပါသော ဟရုတိုရဲ့မိသားစုက သူ့ကိုအဆက်အသွယ်ဖြတ်ထားသည်။

အမေနဲ့ညီမလေးကတော့ ပုံမှန်ဖုန်းဆက်ပြီးအလွမ်းသယ်လေ့ရှိပေမယ့် သူတို့လည်း အဖေ့စကားဆိုမလွန်ဆန်နိုင်။

အလယ်တန်းအောင်ပြီးနောက် အကသင်တန်းခိုးတက်တာကို အဖေမိသွားခဲ့သည်။

ထို့နောက် စကားအချေအတင်ဖြစ်ကြရင်း အဖေ့ကိုလိမ်ကာ ကျောင်းဆက်မတက်ဘဲ အကပဲဆက်သင်ခဲ့သည်။ ပါရမီပါသူပီပီ အသင်လွယ် အတတ်လွယ်သောကြောင့် ဟရုတိုကို လိုချင်နေတဲ့ ကျောင်းတွေမှအများကြီး။ idol တွေကို လေ့ကျင့်ပေးဖို့ ခေါ်ကြတာလည်းအများကြီး။ သူ့ကိုလည်း အဆိုတော်လုပ်မလားလို့ လာကမ်းလှမ်းသူတွေမှလည်း အများကြီး။

ဒါပေမယ့် ဟရုတိုက idol မဖြစ်ချင်။ သူဖြစ်ချင်တာက အကသင်တဲ့ဆရာ။

အိမ်နဲ့အဆင်မပြေတဲ့နောက်မှာတော့ ဘယ်လိုမှမဖြစ်တော့မှန်းသိတဲ့အခါ အိမ်ကနေထွက်သွားဖို့ပဲဖြစ်လာတော့သည်။

ဟရုတိုရဲ့ ဂျပန်အကသင်တန်းကျောင်းကဆရာကသူ့ရဲ့လုပ်ရည်ကိုင်ရည်ကို သိသည့်အတွက် ကိုရီးယားကို လှမ်းပြောပေးသည်။

တစ်ပတ်လောက် အစမ်းသင်ပြ...လေ့ကျင့်ပြရင်းနဲ့ အခုထိ အလုပ်ရနေခဲ့ခြင်းဖြစ်သည်။

၅ နှစ်အတွင်းမှာ ရခဲ့တဲ့ သူငယ်ချင်းက ၂ ယောက်တဲ့လား။

'အဲ့တော့ မင်းကအခု ကြောင် ၂ ကောင်နဲ့ပေါ့'

ငါးအူချောင်းကို အားရပါးရစားနေသည့် ဂျီဟွန်းက ဟရုတိုကိုမေးလိုက်သည်။

ဟရုတိုကလည်း ခေါက်ဆွဲပြုတ်ပူပူကို မော့သောက်ရင်း ခေါင်းညိမ့်ပြလိုက်သည်။

'ယုံတောင်မယုံနိုင်ဘူး မင်းလို တစ်ယောက်တည်းနေရတာ ကြိုက်တယ် ဆိုတဲ့ ကောင်လေးမျိုးက ကြောင် ၂ ကောင်ကိုခေါ်လာတယ်ဆိုတော့'

ယိုရှိကလည်း ဘေးကနေ အအေးသောက်ရင်း ဝင်ထောက်သည်။

'အစ်ကိုရေ ပိုက်ဆံရှင်းချင်လို့'

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now