27 ( U +Z )

417 72 1
                                    

Unicode

ဂျယ်ဂျူတုန်းကရိုက်ထားခဲ့တဲ့ vlog က edit အပြီးတိုင်လုပ်ပြီးတဲ့နောက်မှာတော့ အပိုင်း တိုလေး ၃ ပိုင်းအနေနဲ့ ထွက်လာပြီ။ Sirius ကလည်း debut ထားတာမကြာသေးတဲ့အဖွဲ့ဆိုပေမယ့် အောင်မြင်မှုကအတိုင်းအတာတစ်ခုအထိရနေပြီဖြစ်၍ Fan တွေလည်းတောင့်လာပြီ။

တချို့ဖန်တွေဆို အတွင်းကျကျကိုသိလွန်း၍ သူတို့ကိုယ်တိုင်ကိုပြန်အံ့ဩရသည်အထိ။ အခုလည်း sirius ရဲ့ debut song dance instructure ကကုမ္ပဏီကထွက်သွားပြီဆိုတဲ့ ကောလဟာလက ပျံ့နေပြန်သည်။

အားလုံးကလည်းသို့လောသို့လောနှင့်ထင်ကြေးပေးနေကြပြီး အကမသင်တော့ဘဲ မော်ဒယ်လောကထဲပဲဝင်တော့မှာလား ဘာလားနဲ့ အင်တာနက်ပေါ်နာမည်ကြီးနေသည်။

ဒါပေမယ့် ဟရုတိုကတော့ ဂရုမစိုက်။ လူတွေက အများဆုံး ၁ပတ်လောက်ပဲ ကိစ္စတစ်ခုကို attention ပေးနိုင်ကြတာမို့လို့။ သူတို့ကိုယ်တိုင်က ခံရသူမဟုတ်ရင် ၇ ရက် ၁ ပတ်က အများဆုံးမို့ စိတ်ထဲထားမနေတော့။

ကုမ္ပဏီကို နှုတ်ထွက်စာတင်ပြီးကတည်းက ဘာမှလည်းပြန်စာမလာသေး။ သူကိုယ်တိုင်ကလည်းမသွားတော့။ ဒီတိုင်းသာ အကုန်ပြီးသွားရင် တော်တော်ဖြတ်ကတတ်ဆန်းနိုင်တဲ့ ကုမ္ပဏီလို့ပဲ အကောင့်တုနဲ့ page website မှာသွားရေးလိုက်တော့မည်။

ကိုယ်ပိုင် အင်စတာဂရမ်အကောင့်ရှိပေမယ့် နဂိုကတည်းကဘာမှမတင်တဲ့သူမို့ အခုလည်းဘာမှဖြေရှင်းချက်တွေပေးပြီးတင်မနေချင်။ အင်စတာဂရမ်ရဲ့ ပရိုဖိုင်းမှာ  လိမ္မော်သီးနှစ်လုံးကိုင်ထားတဲ့ ပုံလေးကနောက်ဆုံးဖြစ်နေတော့ တစ်ခါတလေ ဂျောင်ဝူးကဂျီကျသေးသည်။ သူနဲ့အတူရိုက်ထားတဲ့ပုံကိုတင်စေချင်တာကို လော့ဝူနဲ့ပုံဖြစ်နေလို့ဆိုပြီး ကလေးလေးလိုစိတ်ကောက်သေးသည်။

အမှန်ဆို ဟရုတိုလည်း ဂျောင်ဝူးနဲ့ရိုက်ထားတဲ့ပုံကိုတင်ချင်ပေမယ့် အခုက သူနာမည်ကြီးနေတဲ့ကာလမို့ဘာမှမလှုပ်ရှားရဲသေး။ ဒါတွေအကုန်ပြီးသွားမှ တနင့်တပိုးကြီးတင်ပစ်ဦးမည်။

ဒီနေ့လည်း မနက်ဖြန်ပွဲအတွက်ဝတ်ဖို့အင်္ကျီသွားဝယ်ချင်တာ အပြင်မထွက်ရဲလို့ ဂျောင်ဝူးရဲ့ဆေးခန်းမှာပဲ ငုတ်တုတ်မေ့နေပြန်သည်။ ဂျောင်ဝူးဆေးကုပေးနေတဲ့ပုံနဲ့ ဘေးနားကနေ အကူလုပ်ပေးနေတဲ့ ဟာနာနဲ့က အရင်ကလို ပြန်အဆင်ပြေသွားကြပုံရသည်။ ပုံမှန်အတိုင်းပြန်ဖြစ်သွားတဲ့ပုံပဲမို့ ဟရုတိုလည်း ဘယ်သူ့ကိုမှအားနာနေစရာမလိုတော့။ ဒါပေမယ့် အခုတော့ ဟရုတိုက ဖုန်သုတ်နေရသည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now