16 (zawgyi)

127 10 6
                                    

ရာသီဥတုက ပူရတဲ့အထဲမှာမှ စိတ်တွေပါညစ်နေရသည်။
ချွေးတွေက နဖူးကနေ ခြေဖျားအထိကျနေရတဲ့အထဲ ကြောက်ချွေးတွေလည်းပါမည်ထင်သည်။

ဟရုတိုကတော့ မိုးပျံရထားကိုကြည့်ပြီး မစီးခင်ကကိုအန်ချင်နေပြီ။

"မန်နေဂျာကွာ ငါမစီးချင်ဘူးကွာနော်"

"မရဘူး စီးရမယ် မင်းကလည်း အစီအစဉ်ရိုက်နေတာကို မင်းမပါလို့ဖြစ်မလားကွ"

'ငါတို့ကအဓိကမှ မဟုတ်တာ ကောင်လေးတွေပါရင်ရပြီလေ'

'ဟေ့ကောင် ဒါက PD & Trainers အစီအစဉ်လေကွ"

ဟုတ်သားပဲ။ ပီဒီနင်းက အတင်းရိုက်ခိုင်းလို့သာ မလွန်ဆန်နိုင်လို့ရိုက်လိုက်ရသည်။ တကယ်တမ်းက တီဗီထဲမှာကိုပါလာချင်တာမဟုတ်။ နာမည်ကြီးရတာကိုမုန်းသည်။ နာမည်ကြီးရတာနဲ့အမျှ စိတ်ပင်ပန်းမှုတွေလည်းများလာမှာ အသေအချာပင်။

"ဆရာတို့ အဆင်သင့်ဖြစ်ပါပြီ။ တက်လို့ရပါပြီ"

အစီအစဉ်ရဲ့ PD က မိုက်နဲ့လှမ်းအော်တော့ သက်ပြင်းချပြီး မိုးနတ်မင်းကိုသာတိုင်တည်လိုက်တော့သည်။

*ဂျောင်ဝူးကိုမနှုတ်ဆက်လိုက်ရဘဲနဲ့တော့မသေပါရစေနဲ့*

Final destination ကြည့်ပြီးကတည်းက မိုးပျံရထားစီးရမှာကိုကြောက်တဲ့စိတ်က ထိုင်နေလျက်နဲ့တောင် ဒူးကိုတုန်နေစေသည်။ ရထားက တဖြည်းဖြည်းရွေ့သွားလေ မျက်လုံးကိုပိုမှိတ်ထားမိလေ။ အပေါ်ကနေ အောက်ကို ဝုန်းခနဲကျသွားချိန်မှာတော့ ထိန်းမနိုင်သိမ်းမနိုင် အော်ချလိုက်မိတော့သည်။

ရှေ့မှာရှိနေတဲ့ ကင်မရာကိုလည်း ဂရုမစိုက်နိုင်တော့။ အားရပါးရအော်ပြီးတဲ့နောက်မှာတော့ မြွေလိမ်မြွေကောက်ပတ်ပြီး အထက်လန်အောက်လျှောလုပ်လာတဲ့ ရထားတွဲကြီးက မူလနေရာကိုပြန်ရောက်လာသည်။

အသက်နဲ့ကိုယ်နဲ့တော့ တစ်စစီဖြစ်မသွားပေမယ့် လူကတော့ ဒူးပါချောင်နေပြီ။

ဒီနေ့တစ်နေ့လုံးလည်း တင်းနစ်ဆော့ရ အင်တာဗျူးဖြေရ နဲ့မို့ အတော်လေးကိုပင်ပန်းနေပြီ။ မိုးပျံရထားစီးပြီးကာမှ ပိုအဆင်မပြေတော့။ ခေါင်းမူးပြီး အစာ‌မကြေသလိုပါဖြစ်လာသည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now