24 ( U+Z)

480 71 8
                                    

Unicode

ဒီနေ့ကတော့ နားရက်မို့ ကုမ္ပဏီမသွားဘဲ စက်ဘီးတစ်စီးနဲ့ မြို့ထဲလျှောက်ပတ်လိုက်သည်။ ဆေးကုန်နေတာနဲ့ အတော်ပဲမို့ ဆေးဝယ်ဖို့သွားရင်း လျှောက်ကြည့်ဖြစ်လိုက်သည်။

‘အခုတလော ကိုက်တာခဲတာရှိသေးလား’

ဆရာဝန်ကမေးတော့ ဟရုတိုက ဘောင်းဘီကိုခြေမျက်စိထိဆွဲချရင်း ပြန်ဖြေလိုက်သည်။

‘ကျွန်တော်က အမြဲကနေရတဲ့သူဆိုတော့ မညောင်းတဲ့နေ့ရယ်လို့တော့မရှိဘူး..ဆေးသောက်နေပေမယ့် ဒီအတိုင်းပဲလို့ထင်တာပဲ’

‘အမှန်ဆို ဒီထက့်ပိုဆိုးမှာလေ..အခုက ဆေးသောက်ပြီးထိန်းထားလို့ အရမ်းမခံစားရတာ’

‘ဟုတ်ကဲ့’

‘ပြီးတော့ လေးဖက်နာဆိုတာမျိုးက တစ်ခါပိုးဝင်ပြီးရင် အမြစ်ပြတ်ပျောက်သွားတယ်လို့မရှိဘူး...တစ်ခါတလေ ပြန်ပြန်ဖြစ်မှာပဲနော်’

‘ဟုတ်’

‘နေ့တိုင်းရက်ဆက်မကိုက်တော့တဲ့နေ့ကျ ဆေးသောက်တာရပ်ပြီး နေကြည့်မယ်..သာမန်လေးဖက်နာဆိုတော့ ဘာမှတော့မဖြစ်ပါဘူး..ဟုတ်ပြီလား’

‘ဟုတ်ကဲ့ ကျေးဇူးပါ’

ဟရုတိုက ဆေးဌာနမှာ ဆေးထုတ်နေရင်း အနောက်ကနေ ကောင်မလေးတချို့ရဲ့ အသံသေးသေးလေးတွေကိုကြားလိုက်ရသည်။

‘ဟိုဟာ ဟရုတိုမလားဟဲ့’

‘အေးနော် တူတယ်ဟဲ့ သူလားမသိဘူး’

‘ဟိုလေ…’

ကောင်မလေးတစ်ယောက်က သူ့ဘေးနားကိုလာပြီးမဝံ့မရဲနဲ့ စကားစသည်။

‘မော်ဒယ် ဟရုတိုလားဟင်’

‘ဗျာ’

‘ဟိုပုံထဲကလူလေ’

ကောင်မလေးက ဆေးခန်းရှေ့က အင်္ကျီဆိုင်ကိုလက်ညှိုးထိုးပြတော့ သူ့ပုံကအထင်းသား…

‘အာ...ဟုတ်..ဟုတ်ပါတယ်’

‘ဟယ် အစ်ကို့ကို ညီမအရမ်းသဘောကျတာ ညီမသူငယ်ချင်းတွေရောပဲ...လက်မှတ်လေးထိုးပေးလို့ရမလားဟင်’

တစ်ခါမှ ဒီလိုအပြောမခံရဖူး၍ နေရခက်တာတော့အမှန်။ ဒီလိုမျိုးတွေကြောင့် ဟရုတိုတစ်ယောက် နာမည်ကြီးတဲ့သူမဖြစ်ချင်ရခြင်းပင်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now