5 (zawgyi)

175 11 0
                                    

"ဂျောင်ဝူး"

အဖေနဲ့အမေနဲ့ကို Iksan မှာထားခဲ့ပြီး ဆိုးလ်မှာတစ်ယောက်တည်း ဆေးခန်းလာဖွင့်ခဲ့တာ ၃ နှစ်တောင်ရှိပြီ။ ကျောင်းတက်‌နေရင်းနဲ့ကို ဆိုင်ဖွင့်ထားပြီး နောက်ပိုင်းဆေးခန်းပါထိုင်ဖြစ်သွားသည်။

ဆိုင်ခန်းငှားခကဈေးကြီးသည့်အတွက် အတူမျှခံဖို့ လူတစ်ယောက်ထပ်လိုလာသည်။ ဒီလိုနဲ့ကပဲ အထက်တန်းကျောင်းပြီးကတည်းက ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်း ရဲဒမ်နဲ့ အဆက်အသွယ်ရပြီး အတူနေဖြစ်ခဲ့သည်။

ဘာသာဗေဒမေဂျာယူထားသည့် ရဲဒမ်က တစ်ယောက်တည်း အေးအေးဆေးဆေး နေပြီး စာလုပ်ချင်တာမို့ ဂျောင်ဝူးအတွက်အတော်ပဲဖြစ်သွားသည်။

နောက် ၃ နှစ်ကြာပြီး စုမိထားတဲ့ ပိုက်ဆံနဲ့ အမေတို့ပေးတဲ့ ပိုက်‌ဆံနဲ့ ပေါင်းပြီး ဆိုင်နဲ့ မနီးမဝေးမှာ တစ်ယောက်စာ တိုက်ခန်းတစ်ခန်းဝယ်လိုက်သည်။ ရဲဒမ်ကလည်း အရင်ကငှားနေခဲ့တဲ့အိမ်ကို ဝယ်ပြီး အေးအေး‌ဆေးဆေး ဘာသာပြန်အလုပ်ကိုလုပ်သည်။

ပိုက်ဆံရှိသည့် ရဲဒမ်တို့အိမ်က သားဖြစ်သူကိုကားပေးထားပေမယ့် သားဖြစ်သူက ထိုင်ရာကမထ အခန်းထဲကအပြင်မထွက်ဘဲ နေ့ဘက်အိပ် ညဘက် ဘာသာပြန်နေသူမို့ ကားမစီးအား။ ဒါနဲ့ပဲ ဂျောင်ဝူးကိုပေးထားလိုက်သည်။

ဒါပေမယ့်လည်းဂျောင်ဝူးက အမြဲတမ်းမစီး..ကားက ဆေးခန်းရှေ့မှာပဲရပ်ထားလေ့ရှိပြီး...ဘတ်စ်ကားနဲ့ပဲ အသွားအပြန်လုပ်သည်။ တစ်ခါတလေ ဆေးခန်းမှာပဲနေသည်။

အကြာကြီးနေမှ ကားကို တစ်ခါပြန်‌ မောင်းဖြစ်သည့်အချိန်က မိုးသည်းနေတဲ့ထိုနေ့ည ကြောင်လေး ၂ ကောင်ရဲ့ သခင်ကို လိုက်ပို့ပေးခဲ့သည့်နေ့ပင်ဖြစ်သည်။

ကိုရီးယားလူမျိုးလို့ထင်ရပေမယ့် ကိုရီးယားမဟုတ်တဲ့ရုပ်ရည်မျိုး... ကြောင်လေး ၂ ကောင်ကို အင်္ကျီထဲပိုက်ပြီး မိုးထဲရေထဲမှာ ပြာပြာသလဲ တက္ကစီပေါ်ကဆင်းလာပြီး ဆေးခန်းထဲ ဝင်လာသည့်ပုံစံက အပူမိနေသည့် အဖေတစ်ယောက်ပုံစံလိုအတိုင်းသား။

ထူးထူးဆန်းဆန်းပေါက်ကရတွေကလည်းလုပ်သွားသေးတာမို့ "ဝတနဘဲ ဟရုတို" ဆိုတဲ့ နာမည်ကခေါင်းထဲမှာ စွဲနေခဲ့သည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now