part 5(Zawgyi)

376 16 0
                                    

ဟင်းချက်ဖို့လိုတဲ့ ဟင်းသီးဟင်းရွက် သား၊ငါးတွေကို ဝယ်ကာ အိမ်ကိုခပ်မှန်မှန်လမ်းလျှောက်ပြန်ခဲ့သည်။
မနေ့ညက ရွာခဲ့တဲ့မိုးကြောင့်
တစ်ချို့နေရာတွေ ရေဝပ်နေ၏။

တစ်ချို့နေရာများတွင်တော့ အမှိုက်ခွံလေးများက
ရေစီးနှင့်မြောပါနေ၏။လမ်းမထက်မှာ ကစားနေကြတဲ့ကလေးများကိုလဲ
ဟိုတစ်စု ဒီတစ်စုတွေ့ရ၏။

ရေတင်နေတဲ့ ချိုင့်ခွက်နေရာများကို ရှောင်ဖယ်သွားရင်း ကျွန်တော့်ဘေးသို့
ကားတစ်စီးက အရှိန်ပြင်းစွာ မောင်းနှင်သွား၏။

ကြောက်အားလန့်အားနှင့် ရှောင်လိုက်သည်မလို့
ကားမတိုက်မိပေမယ့် ခြေထောက်ချော်ကာ အနီးနားမှာရှိတဲ့ ချိုင့်ခွက်ဆီသို့ အားလွန်ကျသွားသည်။
ဝတ်ထားတဲ့တီရှပ် အဖြူသည်လည်း ရွှံရောင်များဖြစ်ကာ ပုဆိုးတွေလဲ ရေတွေရွှဲရှဲစိုကုန်၏။

"ဘယ်လိုကားလဲကွာ..ကိုယ့်ကြောင့်ဖြစ်သွားတဲ့
လူကိုတောင် တစ်ချက်ဆင်းမကြည့်ဘူး။ညီလေးထ ဘယ်နေရာထိသွားသေးလဲ"

လူတွေဝိုင်းအုံကြည့်နေပြီဆိုတဲ့ ရှက်စိတ်ကြောင့်
ကျွန်တော်လဲသွားတဲ့အချိန် ဘေးနားမှာ ဆိုင်ကယ်တစ်စီးလာရပ်သည်ကိုလဲ သတိမထားမိ။

ရွံ့အိုင်က ထင်ထားတာထက် ပိုနက်တာကြောင့် မနည်းအားယူကာ ပြန်ထကြည့်တော့မရပေ။
နောက်တစ်ကြိမ်ပင် အိုင်ထဲပြန်လဲကျလေတော့
ခုနကထက် အခြေနေဆိုးစွာ ရွံ့ရေများက အရှိန်ပြင်းစွာလာစင်တော့၏။

"ဒီမှာဟေ့ကောင် "

"ဗျ...ဗျာ"

ကျွန်တော့် ပခုံးကို လက်တို့ကာခေါ်တော့ ယောင်နနနှင့်ပင် ပြန်ကြည့်မိတော့ ချောတာရော ယောကျာ်းပီသာခြင်းပါ ရောစပ်ထားတဲ့လူတစ်ယောက်က မျက်မှောင်ကျုံ့ကာ ကြည့်နေ၏။

"မင်းရေတွေငါ့လာစင်ကုန်ပြီကွ။ဘာလဲ..မင်း ရေမချိုးရသေးလို့ချိုးနေတာလား။ငါခေါ်တာတောင် အရေးမလုပ်ပဲ ထပ်ဆော့နေသေးတယ်။ရွှံရေတွေ တော်တော်လေးကြိုက်တာလား"

"ဗျာ.ဟို..မဟုတ်။ကျွန်တော်..ထ..ထ မရ"

အစီစဉ်မကျထွက်လာတဲ့ စကားတွေက ထစ်ငေါ့တုန်ရင်စွာ။ဝိုင်းအုံကြည့်နေတဲ့ လူတွေကြောင့် မျက်ရည်တွေပဲ ဝဲတက်လာ၏။ "မသက်ာလာထူပါရော့လား ရုပ်ရှင်ရိုက်နေတယ်ပဲထင်နေကြလားမသိ ဝိုင်းအုံတောင်ကြည့်နေကြတယ်"
စိတ်ထဲမှသာ ကျွန်တော်ပြောရင်း အားယူကာ ထမယ်ကြံတော့

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ