မိုးဖွဲလေးတွေက တစ်ဖြောက်ဖြောက်ကျနေသည်။လေတစ်ချက်ဝေ့တိုင်းပါလာတဲ့ ပန်းရနံသင်းသင်းလေးက စိတ်ညစ်စရာတွေပျောက်ကင်းစေနိုင်တဲ့ထိ ဆြဲဆောင်နေသည်။ရာသီဥတုအခြေအနေက ပုံမှန်မဟုတ်တာကြောင့် စိမ်းပြာရောင်တီရှပ်ထက်မှာ အပေါ်ထပ်အကျီလေးကိုထပ်ဝတ်လိုက်သည်။
သနပ်ခါးရေကြဲလေးကိုခပ်ပါးပါးလိမ်းရင်း
ထွေထွေထူးထူးပြင်ဆင်စရာမရှိတာကြောင့် ထီးအနီလေးကို ယူရင်း လမ်းထိပ်ကိုလျှောက်လာခဲ့သည်။မုန့်တီချက်ဖို့ပြင်နေတဲ့ဒေါ်ထွားကို ဝိုင်းကူနေရင်းမှ ဖုန်းစောင့်နတ်သမီးရဲ့အော်မြည်သံကြောင့် နံပါတ်ကိုကြည့်လိုက်တော့ အစိမ်းဖြစ်နေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာမသိရ။ကိုင်လိုက်တော့မှ အစ်မရှင်းနီဖြစ်နေတာရော၊အရေးတကြီးပြောစရာကိစ္စရှိလို့ဆိုတဲ့အပြောကြောင့်တစ်ကြောင်း အံ့သြမှုက နှစ်ဆင့်တိုးရသည်။ဒီလိုစကားပြောဖို့ချိန်းရတဲ့ ခင်မင်မှုလဲမဟုတ်ဘူးလေ။
များပြားလှတဲ့လူတွေက လောကဇာတ်ခုံပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ကပြအသုံးတော်ခံနေကြသည်။မိုးတစ်ပြိုက်နှစ်ပြိုက်ရွာထားလို့ထင်တယ်။ပတ်ဝန်းကျင်မာတော့လူတွေသိပ်မတွေ့ရ။ လမ်းထိပ်ကိုရောက်တော့ အစ်မရှင်းနီက မရောက်သေးတာကြောင့် သံကိုစောင့်ရင်းအတွေးတို့က နယ်ချဲ့လာပြန်သည်။
"မေမေရယ်..ဒီလိုတွဲသွားတွဲလာလုပ်ရုံနဲ့တော့ မရိုးသားကြတော့ဘူးတဲ့လား။လူမြင်ရာမှာ နမ်းနေကြတာလဲမဟုတ်ပဲကို။ချင့်ချိန်ပြီးမှယုံပါမေမေရယ်။လူတွေကလဲ တော်တော်ခက်ကြတာပဲ။သူများအကြောင်းကိုမှမပြောရရင် စားလို့မဝင်ကြဘူးထင်တယ်"
ဇယ်လေးအပေါ်ထားတဲ့မောင်လေးရဲ့ စိတ္ကို သိနေတဲ့သူနေလို့ မေမေသိသွားခဲ့ရင် ပြသနာတွေရှိလာနိုင်တာ ကြိုတွေးပြီးသားဖြစ်သည်။တတ်နိုင်သလောက်တော့ ကာကွယ်ပေးရမှာပဲ။
"စန္ဒာက စေတနာနဲ့အသိပေးတာပဲသမီးရယ်။သွားပုပ်လေလွင့်ပြောနေတာမှမဟုတ်ပဲ။သမီးတို့ခေတ်မှီမှုတွေနဲ့ ဒီခေတ်လူငယ်တွေအတွက်တော့ ဒီကိစ္စဟာ ဘာမှထူးဆန်းမှုမဟုတ်ဘူးလေ။
YOU ARE READING
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Romanceမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း