Final part(Unicode)

904 30 2
                                    

"ရော့ကိုကို။ဒါလေးအရင်ယူ"

ကမ်းပေးလာတဲ့ကြာပန္းလေးကိုအရင်ယူလိုက်တော့
မျက်မှောင်ကိုကျုံ့ပြီး အိမ်ပေါ်တက်သွားသည်။
လှေဝမ်းထဲက အထုပ်တွေကို သယ်ရင်း အိမ်ပေါ်တက်လာတဲ့သူက ကျွန်တော်။

ခေမာက္ကို ချိတ်မှာချိတ်ရင်း ပုတီးစိပ်နေတဲ့အဖွားရဲ့ဘေးကို ကပ်ထိုင်လိုက်သည်။ကိုကို့ဘက်ကိုတော့လှည့်မကြည့်ဘဲ တစ်ခြားဘက်ကိုမျက်နှာမူထားသည်။

"ဟဲ့..ဟဲ့။ဘယ်လိုဖြစ်ပြန်ပြီလဲ စိုင်းဉာဏ်ထက်ရယ်။ခုမှအိမ်ပေါ်တက်ရုံရှိသေးတယ် မျက်နှာကြီးကလဲ ပုပ်သိုးနေတာပဲ။ဘာလဲစိတ်ကောက်နေပြန်တာလား"

"မသိပါဘူးကြီးမေရယ်။လှေနဲ့ပြန်လာတာအကောင်းသား။ကြာပန်းပေးပြီးကာမှ ဘာဖြစ်သွားတယ်မသိဘူး။မျက်နှာကြီးပုပ်သွားတာ"

မျက်မှောင်ကြီးကျုံ့ကာ ကျွန်တော့်ဘက်ကိုလှည့်ကြည့်လာသူက ယောကျာ်းပီသလွန်းသည်။နှစ်နှစ်လောက်ငယ်တဲ့သူမလို့ ကလေးစိတ်မပျောက်ဘဲကျွန်တေည့်အပေါ် ဆိုးတာလေးကလွဲကင် အနွံတာခံပြီးစိတ်ရှည်တတ်တဲ့ကောင်လေးကို ကျွန်တော်ချစ်လို့မဝ။

"ကိုကိုနော်။ကျွန်တော်က..ပန်းကိုပေးတာအရင်ယူစရာလား။ကျွန်တော့်လက်ကိုဆွဲပီး အိမ်ပေါ်ရောက်မှယူရင်လဲရနေတာကို။အဲ့ပန်းကို ကျွန်တော့်ထက်ချစ်နေတာလား ကိုကိုက."

ကျွန်တော့်ထက်ချစ်နေလားဆိုတဲ့စကားကြောင့် ကျွန်တော်မျက်နှာပူလာရသည်။အဘွားနဲ့ကြီးမေကတော့ ခပ်တိုးတိုးလေးရယ်နေသည်။ဒါတောင် ဒီကောင်လေးက စူပုပ်နေတုန်းပင်။

"အဲ့လိုမဟုတ်ဘူးလေ။မင်းပဲ ပန်းကိုအရင်ပေးလို့ငါက အရင်ယူလိုက်တာလေ။အဲ့ဒါ ငါ့အမှားဖြစ်ရောလား"

"မသိဘူးဗျာ။လာမပြောနဲ့တော့"

အော်သံအနည်းငယ်ပါသွားတဲ့ ကောင်လေးကြောင့် ကျွန်တော်ဝမ်းနည်းမှုတို့ဖြစ်သွားရသည်။ဒီကောင်လေးနဲ့ကြာကြာဆက်နေရင် ဘယ်အချိန်ငိုမိမလဲမသိတာကြောင့် ကြာပန်းလေးကိုယူကာ ပန်းအိုးထဲကိုစိုက်လိုက်သည်။ညနေပိုင်းမလို့ ငုံနေတဲ့ကြာပန်းလေးက အနံ့သင်းသင်းလေးကိုပေးနေသည်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Donde viven las historias. Descúbrelo ahora