part 2(Unicode)

804 47 0
                                    

"ဖေဖေနားအုံးလေဗျာ၊ထမင်းစားချိန်တော်နီးနေပြီ။နေ့လည်မှ ဆက်လုပ်လည်းရနေတာပဲကို"

အလုပ္စားပြဲမွာ laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ဖေဖေက ဇရာအိုပေမယ့် ရုပ်တို့ကတော့ကျမသွား။အဖြူဖက်မရောက်တဲ့ ဆံပင်တို့က မီးခိုးရောင် မပြေးတပြေးနှင့်ရှိ၏။

"အေးပါကွာ ဖေဖေက လက်စဖြတ်နေတာပါ။ပြီးတော့မှာ"

"ဟုတ်ပါပြီဗျာ။ဖေဖေဒီလောက် အလုပ်တွေကြိုးစားနေတာ အငယ်ကောင်လေးအတွက်လား"

ကျွန်တော်က ရွတ်နောက်နောက်ပြောမိတော့ ဖေဖေရဲ့မျက်နှာက ပြုံးရောင်သန်းလာ၏။
ဒါပေမယ့် ဒီအပြုံးမှာစိတ်မကောင်းမှုတို့ပါ ရောယှက်နေတယ်လို့ ကျွန်တော် ဘာကြောင့်ခံစားနေရတာပါလိမ့်။

"အဲ့လိုတော့မပြောပါနဲ့သားရာ။ဖေဖေစိတ်မကောင်းဖြစ်မိတာ ဒီကလေးရဲ့ ရှေ့ဆက်ရမယ့်ဘဝမှာ သူခံနိုင်ရည်ရှိနိုင်ပါ့မလားပဲ ဖေဖေစိတ်ပူတာ"

ဖေဖေကသက်ပြင်းတို့ကို အကြိမ်ကြိမ်ချနေ၏။စိတ်မကောင်းရောင်သန်းနေတဲ့
အခိုးအငွေ့တွေက ဖေဖေ့မျက်လုံးတို့ဆီမှာ
ထင်ထင်ရှားရှားတွေ့နေရသည်။

မိုးရာသီဖြစ်လို့ ကောင်းကင်တစ်ခွင်တွင်
တိမ်တောင်တိမ်လိပ်တို့ မဲညိုမှုက ကြီးစိုးနေသည်။
မိုးရွာတော့မယ်ဆိုတဲ့အကြောင်း ရှေ့ပြေးပြောတဲ့
တမန်တော် လေညှင်းလေးတို့က နူးညံစွာတိုက်ခတ်နေ၏။

"နှစ်ယောက်လုံး ဧည့်ခန်းကြွကြပါအုံး"

ကုမ္ပဏီမှ အပြန်အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းဆီမှ မေမေရဲ့လှမ်းခေါ်မှုကို ကျွန်တော်ကြားလိုက်ရသည်။

ဒေါ်ထွားအဆင်သင့်ဖျော်ထားတဲ့ သံပုရာရည်ခွက်ကို
ဧည့်ခန်းထဲဆီယူလာရင်း ရတနာပစ္စည်းတွေကို
ဘူးကြီးဘူးငယ်တို့မှာ စစ်နေတဲ့မေမေရဲ့ ရှေ့တည့်တည့်ဆိုဖာပေါ်မှာ နေရာယူလိုက်၏။

"ပြောပါအုံး ကိုထွန်းဝေ။ရှင့်နံပါတ်နှစ်က ရောဂါအခြေနေဆိုးလာတယ်ဆို"

"ဟုတ်တယ်ခင်။ကင်ဆာနောက်ဆုံးအဆင့်တဲ့။ပြီးတော့ငါသူ့ဆီသွားတိုင်း သူမသေခင် မင်းနဲ့တွေ့သွားချင်သေးတယ်တဲ့။ပြီးတော့ တောင်းပန်စရာလေးတွေလဲရှိတယ်တဲ့အဲ့လိုအမြဲပြောနေတာကွ"

"သူများလင် ကြောင်တောင်နှိုက်ပြီး ဒီစကားမျိုးပြောထွက်သေးတယ်ပေါ့ အံသြလိုက်တာရှင်"

ခပ်ရွဲ့ရွဲ့မေမေ့အသံတို့က တစ်ချက်တစ်ချက် တုန်သွားပေမယ့် မေမေ့ရဲ့ပုံစံအစစ်ကိုတော့ မေမေမပြ။လူတိုင်းအမြင်မှာ မေမေဟာ ခံစားချက်ပြင်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုတဲ့ မျက်နှာဖုံးကိုသာ တပ်ဆင်ထားသည်။

"ငါပြောတာနားထောင်ပါအုံးခင်ရာ သူလူ့လောကထဲနေဖို့ဆိုတာ နောက်ခြောက်လတောင် မသေချာတော့ဘူး။

ပြီးတော့ အသိပေးစရာတစ်ခုက
ကလျာတိမ်းပါးသွားခဲ့ရင်
ငါ့သားကို ဒီအိမ်ခေါ်ထားဖို့။မင်းကိုလဲ လက်ခံပေးပါလို့ ငါအနူးအညွတ် ပြောချင်တယ်ခင်"

"အိုတော် ဘာလဲကျွန်မက လင်ပါသားကိုပါ အိမ်ပေါ်ခေါ်တင်ထားရအုံးမှာလား၊စဉ်းစဉ်းစားစား လုပ်စမ်းပါအုံးရှင်"

"ဆယ့်ခြောက်နှစ်ဆိုတာ တစ်ယောက်တည်းရပ်တည်ဖို့်မဖြစ်နိုင်သေးဘူးခင်မမ။ငါမင်းကို တိုင်ပင်တာမဟုတ်ဘူး အသိပေးတာ"

ဖေဖေ့ရဲ့အသံတို့က မတင်းမာပေမယ့် နူးညံမနေ။
သားတစ်ယောက်ပေါ်ထားတဲ့ဖခင်ရဲ့ မေတ္တာလို့ပဲ ကျွန်တော်ထင်ပါရဲ့။

မေမေ့စကားကိုပင်ဆုံးအောင်နားမထောင်တော့ ဖေဖေကအခန်းထဲဝင်သွားတော့သည်။
မနာလိုဝန်တိုတာတွေ မကြည်ဖြူတာတွေ မရှိတဲ့ကျွန်တော်ကရော သူ့အပေါ် ကိုယ့်အဖေတစ်ယောက်လုံးရဲ့မေတ္တာတွေကိုလုယူခဲ့တဲ့ ညီတစ်ယောက်ကို မေတ္တာတွေ ပေးနိုင်တဲ့အထိ သဘောထားကြီးနိုင်ပါ့မလား။

မေမေကတော့ မလျော့တဲ့မျက်နှာထားတွေနဲ့ ရတနာဘူးတွေကိုသိမ်းနေလေပြီ။ခုပြသနာမှာ ကျွန်တော်က နားထောင်သမားသက်သက်။

ကျွန်တော်တွေးနေမိတာက တစ်ခုတည်း
"ဒီကောင်လေး
ကျွန်တော့်မေမေနဲ့အဆင်ပြေပါ့မလား"
ဟူ၍သာ...

18.3.2021(Thu)
7:34pm

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Onde histórias criam vida. Descubra agora