တစ်ညလုံးသည်းကြီးမဲကြီးရွာချတဲ့မိုးကြောင့် အိမ်ပတ်ဝန်းကျင်တစ်ခုလုံး ရေအိုင်လေးတို့ဖြစ်ထွန်းနေသည်။ရာသီပေါ် သီးနှံပင်တွေ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားတာကြောင့် ဟင်းသီးဟင်းရွက်အတွက်ကတော့ပူစရာမလို။
စားချင်စိတ်ပေါက်တဲ့အချိန် သွားခူးလိုက်ရင် ရပြီ။ခုတေလာ မေမေ့ကျန်းမာရေးအခြေနေက ဆိုးလာတာကြောင့် ညဘက်တွေလဲ ကောင်းကောင်းအိပ်မပျော်။စိတ်ဖိစီးမှုတွေကြောင့် အရင်ကထက်တောင်ပိုပိန်နေတယ်လို့ထင်မိသည်။
ခုလဲအချဉ်လေးစားချင်လာတဲ့စိတ်ကြောင့်
ချဉ်ပေါင်ရွက်နဲ့ရုံးပတေသီးအနည်းငယ်ကိုခူးကာ မီးဖိုချောင်ထဲကို ဝင်လာခဲ့လိုက်သည်။"ဇယ်"
"ဗ်ာ..ကိုဆက်။ကျွန်တော်မီးဖိုထဲမှာမလို့ ဝင်လာခဲ့လိုက်ကိုဆက်"
ဟင်းရွက်သင်နေတဲ့ဇယ်ရဲ့ပုံစံလေးက တကယ့်ကို အိမ်ရှင်မလေးနဲ့တူနေသည်။ဇယ်က ယောကျာ်းလေးဖြစ်တာကြောင့် အိမ်ရှင်ထီးလေးပေါ့။ပါလာတဲ့ချိုင့်ကို စားပွဲပေါ်တင်ရင်း ခုံလွတ်တစ်ခုကို ဆြဲကာ ဇယ့်ဘေးနားမှာ ကပ်ထိုင်ရင်း ဟင်းရွက်ကူသင်ပေးနေလိုက်သည်။
"ချိုင့်ထဲက ဘာတွေလဲကိုဆက်"
"အိမ်မှာ အုန်းနို့ခေါက်ဆွဲချက်လို့လေ၊မင်းနဲ့အန်တီအတွက်ပိုချက်ထားလို့ လာပို့တာ၊ဘာလဲမကြိုက်ဘူးလား"
"မဟုတ်ပါဘူးဗျ။ကျွန်တော်က အားနာလို့လေ၊ကျွန်တော် ချိုင့်တွေလှယ်ပြီးဆေးပေးလိုက်မယ်နော်"
အလကားရရင် သေဆေးတောင်စားမယ့်ကောင်လေးအကြောင်းသိပြီးသားဖြစ်လို့ ဘေဇင်မှာ ချိုင့်တွေဆေးနေတဲ့ကောင်လေးကို ငေးကြည့်နေလိုက်သည်။
ဘေးတဇောင်းမြင်နေရတဲ့ကောင်လေးရဲ့ ပုံစံလေးက နွမ်းဖက်လို့နေသည်။အန်တီရဲ့ကျန်းမာရေးက ဆိုးလာကြောင့် စိတ်မကောင်းလဲဖြစ် ကေလးကို သနားတဲ့စိတ်ကြောင့်လဲ ရင်ထဲမှာ အပူမြစ်တွေက မြစ်ဖျားခံနေသည်။သိသိသာသာလေးပိန်ကျသွားတဲ့ကောင်လေးရဲ့ မျက်နှာပြင်ထက်မှာ အရင်ကလောက် အပြုံးလေးတွေ မရှိတော့ပါ။
DU LIEST GERADE
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Romantikမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း