part 6(Unicode)

544 32 1
                                    

"ဟေ့ကောင်ဂျွန် ငါတို့ဒီမှာ.."

အသံလာရာဘက်သို့ ကျွန်တော်လက်ပြလိုက်၏။
ကျွန်တော်တို့သူငယ်ချင်းတစ်စုက ဒီကော်ဖီဆိုင်လေးမှာ အချိန်တော်တော်များများ ဖြုန်းဖြစ်ကြသည်။

ခေတ်မှီဇိမ်ခံပစ္စည်းတွေနဲ့ စနစ်တကျရှိကာ သပ်သပ်ရပ်ရပ်လည်းရှိ၏။ဆိုင်ရဲ့ထောင့် ခပ္က်က်မွာ ထိုင်နေတဲ့ ဘော်ဒါရင်းချာကြီးများထံ အပြေးလျှောက်သွားမိသည်။

"ဆောတီးကွာ..နည်းနည်းနောက်ကျသွားတယ်"

"သိပ်နောက်မကျပါဘူးကွ...နာရီဝက်တည်းပါ"

ခပ်ရွဲ့ပြောလာတဲ့ ဝဏ္ဏဘက်ကို လှည့်ကာလက်သီးထောင်ပြလိုက်၏။

"လာခါနီးမှကွာမေမေ့အလုပ်တွေကူနေရလို့"

"အေးပါကွာ..အမေချစ်သားလေးကြောင့် မင်းလဲ ဒီတစ်သက် ချစ်သူရမှာမဟုတ်တော့ဘူး ဂေါ်စွံဖြစ်တော့မှာ"

လှောင်သလို ခနဲ့သလိုနဲ့ ဝိုင်းစနေကြတဲ့ သူတို့ကို ဂရုမစိုက်ဘဲ ကော်ဖီကိုသာ အရသာခံသောက်နေလိုက်၏။
အလကားကောင်တွေ ခ်စ္သူက မရှိမဖြစ် ပစ္စည်းကြီးကျလို့။

"ဒါနဲ့ ရှင်းနီပြန်ရောက်နေပြီဆိုကွ။ဘယ်လိုလဲ သူနဲ့အခြေအနေရော"

"သူနဲ့က ရိုးရိုးပါကွာ။မေမေက သူ့ကိုသဘောကျနေတော့ ငါလဲအလိုက်သင့်နေရုံလေးပါ။သူပြည်ပမထွက်ခင်ထိတော့ အီစီကလီပေါ့ကွာ။

ခက္တာက ငါရင်မခုန်ဘူးဖြစ်နေတာကွ။ရင်မခုန်လဲ မတတ်နိုင်ဘူးလေ၊မေမေသဘောတူရင်တော့ ငါကတွဲဖို့အသင့်ပဲ။လက်ထပ်ပြီးမှ ခ်စ္သြားတဲ့ အတွဲတွေလဲအများကြီးလေကွာ"

"မင်းနဲ့ရှင်းနီက လိုက်ပါတယ်ကွ။ရှင်းနီက မာနခေါင်ခိုက်နေတာနော်။တော်ရုံလူကိုကပ်တာမဟုတ်ဘူး မင်းကိုမှ ကပ်နေတာဆိုတော့ မင်းအပေါ်စိတ်ရှိလို့ပဲ နေမှာပါ"

စကားဝိုင်းက ပြန်လည်တိတ်ဆိတ်သွား၏။
စီးကရက်တစ်လိပ်ကိုခဲရင်း ရောက်တတ်ရာရာ တွေးနေမိတော့ ဟိုကောင်လေးက စိတ်ကူးထဲပါလာပြန်ပြီ၏။
ဘယ်လိုကောင်လေးလဲကွာ။

ဆိုင်အဝင်ဝဆီမှ အရပ်လေးကြောင့် ကြည့်လိုက်တော့ထိုညစ်ပတ်ကောင်လေးဖြစ်သည်။
ကျွန်တော်တို့ဝိုင်းနဲ့ တစ်ဝိုင်းကျော်မှာ နေရာယူကာ စားစရာမှာနေ၏။အပေါင်းသင်းလဲ ပါပုံမရ။ဒီကောင်လေး အဖော်မပါဘဲတစ်ယောက်တည်းလာတာ မပျင်းဘူးလားမသိ။

ဘေးလွယ်အိတ်လေးကို ပခုံးပေါ်မှ ချွတ်ကာ အထဲက တစ်စုံတစ်ခုကိုထုတ်လာ၏။
တစ္ထြာသာသာ ခန့်သာရှိတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်သည်။

ခပ်လှမ်းလှမ်းမှ ကျွန်တော်မြင်လိုက်တဲ့
တာတေ ညမဖတ်ရ ဆိုတဲ့ စာတန်းကြောင့် သောက်လက်စကော်ဖီပင်သီးရ၏။

"ဖြည်းဖြည်းလုပ်ကွာ။မင်းဟာလဲ ငါ့လာစင်တယ်ကွ"

လက်မောင်းတစ်ချက်အောင့်သွားသော်လည်း ထိုကောင်တွေကို ဂရုမစိုက်မိ။ထိုကောင်လေးဆီသာ အကြည့်တို့က ပို့ထားမိလိုက်၏။

ဒီကောင်လေးကွာ ကော်ဖီဆိုင်လာပြီး သရဲစာအုပ်ဖတ်နေရတယ်လို့။ဖီးလ် ငုတ္လိုက္တာ။
ကျွန်တော်ဆို ခြောက်တန်းနှစ်လောက်တည်းက သက်ပိုင်ရဲရဲ့ အချစ်စာအုပ်တွေဖတ်နေပြီ။

"မျက်လုံးကျွတ်ကျတော့မယ် ဟေ့ကောင် အသာကြည့်"

"ဒီကောင်ဘယ်ကို ရှိုးနေတာလဲကွ။အိနြေ္ဒတွေမစောင်ဘူး"

တစ်ရောက်တစ်ပေါက်စကားများနဲ့ တွတ်ထိုးနေကြတဲ့ ကောင်တွေကို တိုးတိုးနေစမ်းကွာဆိုတဲ့ အကြည့်တစ်ချက်နဲ့ ကြည့်လိုက်၏။တကယ့်သာသနာဖျက်ကောင်တွေ။

"မင်းအသိလား သွားနှုတ်ဆက်လိုက်လေကွာ"

ခေါင်းတစ်ချက်ညှိတ်ပြရင်း ညစ်ပတ်ရှိရာဝိုင်းကို ကူးလာခဲ့၏။စာထဲကို ဘယ်လောက်ပင်စိတ်နှစ်ထားသည်မသိ။
သူ့ရှေ့မှာ လူတစ်ယောက်လုံးရှိနေတာကိုလဲ
သိပုံမပေါ်။စာကိုသာစိတ်ပာဝင်စားစွာ
သဲကြီးမဲကြီးဖတ်နေ၏။

ချွေးလုံးတွေပင်ကျနေတဲ့ကောင်လေးက စားစရာတွေကိုပင်မထိသေး။တစ်ချက်တစ်ချက် တွန့်သွားတဲ့ သူ့ရဲ့ခန္ဓာကိုယ်လေးက သတ္တိရှိကြောင်းကို ဖော်ပြနေသလိုလို။

တကယ့်သတ္တိခဲလေးကွာ.........

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Место, где живут истории. Откройте их для себя