Extra⛵1(Unicode)

443 23 0
                                    

"မိုးတွေက ညိုနေတာပဲနော်ကိုကို ရွာမယ်ထင်တယ်၊လိုက်မနေပါနဲ့ဆိုဗျာ။အရင်နေ့ကလို အိမ်မှာပဲ အမေတို့နဲ့အတူနေခဲ့ပါလား။"

မိုးတွင်းကာလာဖြစ်တာကြောင့် မနက်ကတည်းကညိုကျနေတဲ့ကောင်းကင်ကြီးက သည်းကြီးမည်းကြီးရွာတော့မယ့်ဟန်ပြင်နေသည်။ပြတင်းပေါက်ကနေ ကောင်းကင်ကြီးကိုကြည့်ကာပြောနေတဲ့ကောင်လေးရဲ့စကားကို ကျွန်တော်ဂရုမစိုက်နိုင်။အင်းလေးကန်ရေပြင်ကျယ်ကြီးထဲမှာ ချစ်ရတဲ့သူနဲ့နှစ်ယောက်တည်းရှိရမယ့်အချိန်လေးကို တွေးမိပြန်တော့ မိုးရွာမှာလဲမကြောက်နိုင်တော့။

"ဟာ..မရဘူး။ငါကလိုက်ချင်တယ်လို့ပြောနေတာကို မင်းကမခေါ်ချင်ဘူးလား။ဘာလဲဘယ်ကောင်မလေးနဲ့ချိန်းထားလို့လဲ။စိုင်းဉာဏ်ထက် မင်းရိုးမှရိုးသေးရဲ့လား"

"ကိုကိုနော် မနက်စောစောစီးစီး ကျွန်တော်စကားမများချင်ဘူး။ကိုကို့ကိုမိုးမိပြီးအအေးမိမှာဆိုးလို့မလိုက်နဲ့ပြောနေတာလေ။ဘာကို ဘယ်ကကောင်မလေးနဲ့ချိန်းထားရမှာတဲ့လဲ"

"မသိဘူး..ငါ့ကိုမခေါ်ရင် မင်းချိန်းထားလို့ပဲ"

နှုတ်ခမ်းကိုဆူရင်း ပြောနေတဲ့ကိုကိုက ကျွန်တော့်ဘက်ကိုတောင်လှည့်မကြည့်။အရင်နေ့တွေကနဲ့မတူဘဲ ခုနေ့မှတမူထူးပြီးစိတ်ကောင်ချင့်နေတဲ့ကိုကို့ကို ကျွန်တော်နားမလည်တော့။

"ကိုကိုနော်..ခုနောက်ပိုင်းအရင်ကနဲ့ကိုမတူဘူး အရမ်းဆိုးလာတာပဲ။ဘာလဲ ကိုကိုက ဘယ်သူ့အားကိုးနဲ့လဲပြော"

"ငါ့အားကိုးဆိုလို့ အဖွားနဲ့ကြီးမေပဲရှိတယ်"

နှုတ်ခမ်းဆူထားတာကမပျောက်သေးဘဲ ပိုလို့တောင်ဆူလာပြန်သေးသည်။အဖွားနဲ့အမေ့ကိုသာ အားကိုးတယ်ဆိုတဲ့စကားကြောင့် စိတ်ထဲမှာဘဝင်ကမကျ။ကိုကိုရှိရာဘက်ကို ကျွန်တော်ကခပ်ဖြည်းဖြည်းတစ်လှည်းချင်းလှမ်းသွားတာကို ကိုကိုက မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ကျွန်တော်ကပ်လာလေလေ ကိုကိုကနောက်ဆုတ်လေလေနဲ့ နောက်တော့ကိုကိုရဲ့နောက်မှာ အိမ်နံရံသာရှိတော့တာမလို့ ထပ္ဆုတ္လို္မရေတာ့။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Donde viven las historias. Descúbrelo ahora