part 19(Unicode)

292 18 0
                                    

မဟူရာညရဲ့ကောင်းကင်ပြင်က ကြယ်ရောင်စုံတို့နဲ့ ပြည့်စုံနေသည်။တိမ်တွေမထူထပ်ကာ ကြယ်တွေတွေ့နေရတာကြောင့် ခုညလည်းမိုးရွာမှာမဟုတ်ပါ။ပုရစ်အော်သံတွေနဲ့အတူ ဖားကလောင်းတို့ရဲ့ အော်သံတွေကိုလဲ ကြားရ၏။ အိမ်ခြံထောင့်က ညမွှေးပန်းရနံသည်လည်း ချိုအီအီရနံနှင့် ညရဲ့အလှကိုဖြည့်ဆည်းနေသည်။

"ဒီကောင်လေးတော့ ဖျားနေတာကို အနွေးထည်မဝတ်ဘူးကွာ"

ဒန်းပေါ်မှာထိုင်ကာ ဟိုရောက်ဒီရောက်တွေးနေတုန်း စွဲမက်စရာကောင်းတဲ့အသံကိုကြားလာတာကြောင့် လှည့်ကြည့်လိုက်၏။ဝတ်လာတဲ့ဂျက်ကင်အိကျီလေးကိုချွတ်ရင်း ကျွန်တော့်ကို လှမ်းပေးလာတဲ့သူ့ကို ငေးကြည့်နေမိသည်။

"ရ...ရပါတယ်ကိုလေးရဲ့၊ကျွန်တော်နေကောင်းပါပြီ။"

အနွေးထည်ကိုမပူဘဲပြန်ပေးနေတဲ့ကောင်လေးကို စိတ်မရှည်တော့တာကြောင့် ကိုယ်တိုင်ဝတ်ပေးလိုက်သည်။ကျွန်တော့် fit အကျီက သူနဲ့ကျမှအနည်းငယ်ချောင်နေ၏။ဂျက်ကင်အောက်က လက်ဖြူဖြူလေးတွေကလဲ ခုနေ့မှပိုပြီးလှနေသယောင်ထင်မိသည်။

"မနေ့က ကိစ္စအတွက် မေမေ့ကိုယ်စား ကိုတောင်းပန်ပါတယ်ဇယ်၊စိတ်မဆိုးပါနဲ့လို့ကိုယ်မပြောရက်ပေမယ့် ဇယ်နားလည်ပေးပါလို့ပဲ ကိုယ်ပြောချင်တာပါ"

ဘေးနားမှာကပ်ထိုင်ရင်း ကောင်းကင်ကိုမော့ကြည့်ကာ ကောင်လေးကိုတောင်းပန်စကားဆိုမိသည်။
ကျွန်တော့်ကို မျက်တောင်မခတ်ကြည့်နေတဲ့ကောင်လေးကိုလည်း မျက်လုံးထောင့်မှမြင်နေရ၏။

"မဟုတ္တာပဲ ကိုလေးရယ်။ဒါကဖြစ်သင့်တဲ့ကိစ္စပဲဗျာ။ကျွန်တော်ဆိုလဲ ကိုယ်တန်ဖိုးထားတဲ့အရာလေးတစ်ခုဖျက်ဆီးခံရရင် စိတ်တိုမိမှာပဲလေ။အန်တီမှန်ပါတယ်ဗျာ။ကျွန်တော်ကိုက ပြာနေတာကို"

"ဘာလို့ အကောင်းမြင်ဝါဒီပဲတွေးနေရတာလဲ။လူတကာအပေါ်အကောင်းမြင်တာက ကိုယ့်အပေါ်အနိုင်ယူပါလို့ပြောနေတာနဲ့အတူတူပဲ၊မင်းနာလည်လား"

ခပ်ဆက်ဆက်အော်မိတော့ ကောင်လေးက ပြူးပြူးလေးပြန်ကြည့်နေသည်။ကျွန်တော်က အရာရာအပေါ် အကောင်းမြင်ဝါဒကို လက်ကိုင်မထားပေမယ့် အကျိုးအကြောင်းကို နားလည်သည်။ဒီကောင်လေးက ကိုယ့်အပေါ်မဟုတ်တာပြောနေလုပ်နေလဲ အကောင်းပဲမြင်နေတာကတော့ ဘယ်လိုယဉ်ကျေးမှုလဲ ကျွန်တော်လဲမသိပါ။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Hikayelerin yaşadığı yer. Şimdi keşfedin