part 15(Zawgyi)

185 11 0
                                    

မျက်စိရှေ့မှာမြင်နေရတဲ့ ခြံကြီးက ကျွန်တော်နဲ့မေမေအတူနေခဲ့တဲ့ခြံထက် နှစ်ဆမကကျယ်ဝန်းသည်။ခြံတံခါးဝဆီမှ အိမ်အဝရောက်တဲ့အထိ ကားတစ်စီးစာ ကွန်ကရစ်တို့ကို ခင်းထားပြီး ဘေးတစ်ဝိုက်မှာတော့ အလှစိုက်မြက်ခင်းစိမ်းစိမ်းတို့က ပနံသင့်နေသည်။အရိပ်ရအပင်တွေစိုက်ပျိုးမထားတာကြောင့် ခြံအလယ်မှာရှိတဲ့ စံအိမ်ကြီးက ထီးထီးမားမား တည်ရှိနေ၏။

နှင်းဆီပင်ငယ်များကိုတော့ အိမ်နဲ့နီးရာမှာ ပန်းအိုးကြီးငယ်တို့နဲ့စိုက်ပျိုးထားပြီး ရေပုံမှန်လောင်းခြင်းကြောင့် အရွက်နုတို့နဲ့ဝေဆာလှသည်။

"ကဲ..လူလေး ရောက်ပြီ၊သယ်ရမယ့် ပစ္စည်းတွေထားခဲ့နော်၊အဘသယ်ခဲ့ပေးမယ်"

"နေပါစေအဘ၊ကျွန်တော့်ပစ္စည်းတွေက သိပ်မပါပါဘူးဗျ၊ကျွန်တော့ဘာသာပဲ သယ်ခဲ့လို့ရပါတယ်။ကျွန်တော်နေရမယ့်အခန်းကိုသာ လိုက်ပြပေးပါ"

"အဘနောက်ကလိုက်ခဲ့လူလေး"

ခေတ်မှီပရိဘောဂပစ္စည်းများနဲ့ဖွဲ့စည်းထားတဲ့ တစ်အိမ်လုံးက အဆင့်အတန်းမြင့်မားသော ဂုဏ်ဒြပ်တို့ကို ဖော်ကျူးနေသည်။ကြမ်းခင်းကြွေပြားများကတော့နင်းရက်စရာပင်မရှိလောက်အောင် တောက်ပြောင်နေသည်။

"ရောက်လာပြီလား၊ဧည့်ခန်းထဲလာခဲ့ပါအုံး"

မေမေဆုံးတဲ့နေ့မှာ မြင်ဖူးခဲ့တဲ့အန်တီက ဖေဖေ့ရဲ့တရားဝင်အမျိုးသမီးဆိုတာ သိခဲ့ပြီးသားဖြစ်သည်။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းနဲ့စူးရှလွန်းတဲ့မျက်ဝန်းတို့ကို ကျွန်တော်စေ့စေ့မကြည့်ရဲပါ။ထိုင်ခုံမှာ အေးဆေးစွာထိုင်ရင်း ကြွေပြားပေါ်မှာ ထင်းနေတဲ့ကျွန်တော့်အရိပ်ကိုသာ ပြန်ကြည့်နေခဲ့သည်။

"မင်းရောက်လာပြီဆိုတော့ ပွင့်ပွင့်လင်းလင်းပြောစရာရှိတာပြောထားရမှာပေါ့လေ"

"ဟုတ်ကဲ့အန်တီခင်ဗျ"

"မင်းကို ဒီအိမ်ကိုခေါ်တယ်ဆိုတာ မင်းဖေဖေရဲ့ဆန္ဒတစ်ခုတည်းနဲ့ဆိုတာမင်းသိပြီးသားဖြစ်မှာပါ ၊ပြီးတော့ မင်းကိုငါက ကြည်ဖြူတယ်ဆိုပြီးတော့ မထင်ထားနဲ့နော်၊ငါကမင်းကို နှိပ်စက်မယ့်လူမျိုးလဲမဟုတ်ဘူးဆိုတာလဲ တစ်ခါတည်းသိထားပါ"

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Donde viven las historias. Descúbrelo ahora