"အငယ်အနှောင်းက ကလေးတောင်ထွက်လာပြီပေါ့ ပြောစမ်းပါအုံးကိုထွန်းဝေ"
မေမေ့ရဲ့အသံစူးစူးကို ဂျွန်အိမ်ပေါ်မှ စာကျက်နေရင်းကြားရသည်။ဖေဖေနဲ့မေမေအိမ်ထောင်ရေးအဆင်မပြေဘူးလား မေးရင် ပြေပါတယ်လို့ပဲ ကျွန်တော်ဖြေမည်ထင်သည်။မုသားလဲမဟုတ်ပါ
စိတ်ထားထက်မြက်သူနှစ်ဦးအိမ်ထောင်ကျခဲ့တာ
ကြောင့် လင်မယားသံယောဇဉ်ဆိုတဲ့ကြားမှာ
မထားသင့်တဲ့ အတ္တနှင့် မာနတို့က အားပြိုင်နေတာ လို့ကျွန်တော် ကောက်ချက်ချင်ပါသည်။ကျွန်တော်ခပ်ငယ်ငယ်အရွယ်ကပင် ဖေဖေတစ်ခုခုဝယ်ပေးပြီဆို မေမေကပါ တစ်ခုအားကျမခံဝယ်ပေးတတ်တယ်။မေတ္တာဆိုတာ ဘယ္လိုအရာလဲ ကျွန်တော်မသိပေမယ့် နွေးထွေးမှုတွေ ပြည့်နေတယ် စိတ်ချမ်းသာစရာတွေ ပြည့်နှက်နေတယ်ဆိုတာတော့ ကျွန်တော်သိသည်။
ဖေဖေနဲ့မေမေ ပြသနာတစ်ခုခုတက်တိုင်း ကျွန်တော်က မဆိုင်သလိုပင် နေတတ်လာခဲ့တာ အဆန်းမဟုတ်တော့။သွေးအေးတာမဟုတ်ပေမယ့်ဥပက္ခာဆိုတဲ့တရားကို ကျွန်တော် အဖော်အဖြစ် ရွေးချယ်ခဲ့လေတာ။
"မင်းငါ့ကိစ္စတွေ ဘာလို့ ဒီလောက် ဝင်စွက်ဖက်နေရတာလဲ"
'ဘာ စွက်ဖယ်တယ်ဟုတ်လား။ရယ်ချင်လိုက်တာ ကိုထွန်းဝေရယ် ရှင့်ကိစ္စကို စွက်ဖက်နေရလောက်တဲ့အထိ ကျွန်မ မအားဘူး။
ဘာလဲ ကျွန်မက ရှင်နောက် နံပါတ်တစ်ခုနဲ့ ကလေးရလို့ ခြေသလုံးဖက် တောင်းပန်ပြီး ဆွဲထားမယ့် မိန်းမများမှတ်နေလား။'
"မင်းတော်တော်မလွယ်တဲ့ မိန်းမပဲကွ။မင်းက စီနီယာပါ မကြိုက်တာလား။နံပါတ်တစ်ကွ နံပါတ်တစ် လူတွေအရမ်းလိုချင်တဲ့နေရာကွ ဟားဟား"
ဖေဖေနဲ့မေမေက ကွဲတာလားဆိုတော့လဲမဟုတ်ပါ။
ဖေဖေကသူ့နံပါတ်နှစ်ဆီ ကုမ္ပဏီက ပြန်လာတဲ့အချိန် နားရက်တွေမှာ သွားနေတတ်သော်လည်း ကျန်အချိန်တွေတော့ အိမ်မှာသာ မေမေနဲ့ စကားများချင်များနေမယ် ဒါမှမဟုတ်ရင် စာကြည့်ခန်းထဲမှာ အလုပ်တွေတိတ်တဆိတ်လုပ်ချင်လုပ်နေတတ်သည်။ဖေဖေ့နံပါတ်နှှစ်က ဖေဖေ့အတွင်းရေးမှူးဆိုတော့ ဖေဖေ့ပွဲတက်မယားတော့ဖြစ်မလာခဲ့ပါ။ရွှေဆိုင်ခွဲပေါင်းများစွာပိုင်ပြီး ရတနာလောကမှာ ဘုရင်မတစ်ဆူဖြစ်တဲ့မေမေကသာ သူ့ဘဝအတွက် ပွဲတက်မယားဖြစ်ခဲ့သည်။
ဖေဖေနဲ့မေမေရဲ့ ရန်ပွဲတွေ ဘယ်တော့ပြီးမယ် မသိပေမယ့် ဖေဖေ့ကိုတော့ ဝတ္တရားမကျေသူ ဖခင်ကောင်းမပီသသူလို့ ကျွန်တော်မစွတ်စွဲရက်။
ဖေဖေတို့လှောင်ပြောင်ခနဲ့သံတွေကို အထင်းသားကြားနေရသည်။"သူတို့ပဲ
မမောကြဘူးလားမသိ ရန်ဖြစ်တိုင်း စီနီယာ ဂျူလီယာအကြောင်း ပြောနေကြတာ"
✉✉✉✉✉✉✉✉✉✉✉✉✉✉✉✉
"ကီကီ..လေးရေလာလာ၊လာပါဆို မလာဘူး၊အေးပါရတယ်နင့်ကို ညစာမကျွေးဘူး၊ခွေးစုတ်မ""မမကဗျာ၊တိရစၦာန်နဲ့တောင် ရန်ဖြစ်နေပြန်ပြီ၊ဟိုက ဘာသိတာမှတ်လို့"
"ငါ့ကိုအပိုတွေ လာပြောမနေနဲ့၊ နင့်ပစ္စည်းတွေအကုန်စစ်ပြီးပြီလား
တော်ကြာနော် အိမ်ရောက်မှ ဟိုဟာကျန်တယ် ဒီဟာကျန်တယ်နဲ့အသံတွေကြားရအုံးမယ်""ထည့်ပြီးပါပြီဗျာ၊ဒါနဲ့အိမ်ဘေးကပ်ရပ်အိမ်မှာ ကောင်မလေးချောချောတေစ်ယောက်လောက်သာ ရှိရင်ကောင်းမယ်ဗျာနော်မမ"
"နှာကြောကမသေးဘူးအကောင်။နင်ဒီတစ်သက်အတည်တွဲအုံးမှာလား။တကတည်း"
မမရဲ့အမေးကို ကျွန်တော်မဖြေဖြစ်ပါ။ကီကီလေးကိုချီရင်း အတွေးတို့ကိုသာ နယ်ချဲ့နေလိုက်သည်။ကျွန်တော်က ရည်းစားများပေမယ့် တွဲသွားတွဲလာနဲ့အီစီကလီအဆင့်ထိသာ ဖြစ်တာကြောင့် နာမည်ပျက်တွေတော့မရှိပါ။
တကယ်ချစ်ရတဲ့သူကိုတွေ့တဲ့အခါ ဘဝတစ်ခုလုံးနဲ့တန်ဖိုးထားသွားမှာပါ။ဘယ်ရောက်နေလဲ ကိုယ့်ရဲ့အိန်ဂျယ်....
![](https://img.wattpad.com/cover/265268777-288-k242690.jpg)
ESTÁS LEYENDO
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Romanceမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း