part 9(Unicode)

441 32 1
                                    

"လိုချင်တာ အကုန်ယူမှာနော် ဂျွန်"

"ယူပါဗ်ာ..ယူပါ။ဝယ်ပေးပါမယ်"

ဂျွန်ရဲ့လက်တစ်ဖက်ကိုချိတ်ရင်း ဆိုင်တွေတစ်ဆိုင်ပြီးဆိုင်ဝင်ကာ စိတ်ရှိတိုင်းသာဝယ်ပစ်လိုက်၏။ရုပ်ချောရေရှံတဲ့
ဂျွန်လိုလူတစ်ယောက်ကိုတော့ ကျွန်မလက်လျှော့ပေးဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ ဖြစ်လာမှမဟုတ်ပေ။

ချောမောပြေပြစ်လွန်းတဲ့ အမျိုးသားတစ်ယောက်ရဲ့လက်ကိုတွဲနေတဲ့ ချောမောလှပလွန်းတဲ့ အမျိုးသမီးငယ်လေးတို့ဟာ
မြင်သူတကာတို့ ငေးကြည့်စရာကောင်းတဲ့ လိုက်ဖက်မှုမျိုးဖြစ်သည်။

"ဂျွန် ဒီမွာ...ကူရွေးပေးပါအုံး။ဒီမှာ ဖိနပ်နှစ်ရံလုံးက အရမ်းလှနေတော့ မရွေးတတ်တော့ဘူးဖြစ်နေလို့"

ချိုမြမြ စကားတွေပြောနေတဲ့ ရှင်းနီရဲ့ မျက်နှာလေးဟာ ပျားရည်အိုးမှောက်ကျထားသလို ချိုမြနေလွန်းသည်။အားကျတဲ့မျက်ဝန်း မနာလိုတဲ့ မျက်ဝန်းတွေကလဲ ဆိုင်ထဲမှာမက ဘေးကလူတွေဆီကပါ ရတဲ့ attentionတွေဟာ လွယ်လွယ်နဲ့ရလာတာတော့ မဟုတ်ပေ။

"ကြာပါတယ်..နှစ်ရံလုံးသာထည့်လိုက်တော့"

အမျိုးသားစီးဖိနပ်တွေကြည့်နေရင်းမှ ရှင်းနီရဲ့ခေါ်သံကြောင့် ရွေးဖို့လာခဲ့သော်လည်း သူမက နှစ်ရံလုံးယူပြီးနေပြီ။ကိုယ့်အပြစ်နဲ့ကိုယ်မလို့ ခံလိုက်အုံးဂျွန်ရေ။အထုပ်ပေါင်းများစွာက ဘယ်လက်ရော ညာလက်မှာပါ နေရာယူလာ၏။
Cardထဲက ကိန်းဂဏန်းတွေကလဲ တော်တော်လေးလျော့သွားမှာ အေသအခ်ာ။

"ဂျွန်..ဗိုက်ဆာနေပြီလား"

"အင်း.."

"ဒါဆိုရှေ့က ဆိုင်မှာတစ်ခုခု ဝင်စားရအောင်လေ"

ဟိုဟာမကြိုက်ဘူး ဒီဟာမကြိုက်ဘူးနဲ့ ဂျီကျလွန်းတဲ့ သူမ ခုမှမောသွားတဲ့ပုံနဲ့ ဗိုက်ဆာဖို့သတိရဟန်တူပါသည်။
တစ်မနက်လုံးဘာမှ မစားရေသးဘဲ လိုက်လာခဲ့တာမလို့ ဗိုက္ကလဲ အတော်ဆာနေပြီဖြစ်သည်။

ချိတ်ထားတဲ့ သူမရဲ့လက်တစ်ဖက်ကိုတော့ မဖြုတ်မိ။နှစ်ယောက်တွဲလမ်းလျှောက်လာရင်းမှစာအုပ်ဆိုင်တစ်ဆိုင်ရှေ့မှာ အမှတ်မထင်မြင်လိုက်ရတာက"တာတေ ညမဖတ်ရ"စာအုပ်များဖြစ်သည်။ကြောက်တတ်လွန်းတဲ့ ကောင်လေးတစ်ယောက်ကို အမှတ်မထင်တွေးမိလေတော့ ဟန်မဆောင်နိုင်လောက်အောင်ပြုံးမိသွားသည်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Donde viven las historias. Descúbrelo ahora