မိုးတစ်ပြိုက်နှစ်ပြိုက်ရွာလိုက်လို့ ခြံအတွင်းက အပင်ငယ်လေးတွေ ရေဝပ်လို့နေသည်။မြောင်းတွေဖောက်ပြီး ဘောင်တွေပြန်ပေးနေရင်း ခြံရှေ့မှ ကားဟွန်းသံကြောင့် အပြေးအလွှားသွားလိုက်မိသည်။
ဧည့်သည်တွေအထူးတလည်မလာတတ်သော်လည်း
ကျွန်တော်တို့အိမ်ကို ခုလိုလာတတ်သူတစ်ဦးကိုတော့ ကျွန်တော်ရောမေမေပါ မျှော်နေတတ်ပါသည်။ပေါ်ပေါ်တင်တင် ယူခဲ့တဲ့မယားမဟုတ်ပေမယ့် ကျွန်တော်တို့သားမိ အေနအစား မဆင်းရဲခဲ့ပါ ဖေဖေက ကျွန်တော်နဲ့မေမေအတွက်ကတော့ စံပြလူသားတစ်ဦးဖြစ်၏။
ခြံတံခါးကိုပြန်ပိတ်ရင်း အိမ်ထဲသို့ ခပ်မြန်မြန်လျှောက်သွားတော့ ဖေဖေက အိမ်ထဲပင်ရောက်လို့နေသည်။
"ကလျာရယ် ပိန်သြားလိုက္တာကြာ"
ဖေဖေက မေမေ့ရဲ့ လက်ဖောင်းဖောင်းလေးတွေ ကိုင်ရင်း ဂရုဏာသက်သံလေးနဲ့ဆိုရှာ၏။
"ခုတစ်လော နေရထိုင်ရတာအဆင်ပြေလားကလျာ။
ဆေးတွေရောပုံမှန်သောက်ရဲ့လား""ဆေးတွေလဲပုံမှန်သောက်ပါတယ်ကိုရဲ့။ပိန်သွားတာကလဲ ဆေးတွေကြောင့်နေမှာပါ ပြီးတော့ သားလေးရဲ့အကြောင်းတွေ တွေးမိရင် အိပ်လို့လဲမပျော်ပါဘူး။ရင်ထဲလဲ မကောင်းဘူး။"
ဖျော်ထားတဲ့ကော်ဖီပန်းကန်လေးကို ဖေဖေ့ရှေ့ချပေးလိုက်သည်။မေမေ့ရဲ့ပခုံးလေးကို ကိုင်ရင်း ဖေဖေက တစ်လောကလုံးကို လက်မြှောက်ထားဟန် မျက်နှာလဲ မကောင်းနိုင်ပါ။
ကိုယ်ချစ်တဲ့သူနဲ့ ခွဲရတော့မယ် ဆိုတဲ့အသိက လူကို ကသိကအောက် ဖြစ်အောင်တော်တော်လုပ်နိုင်တာပဲနော်။"ပိုက်ဆံကျန်သေးလား သား"
"ကျန်သေးတယ်ဖေဖေ။ကျွန်တော်လဲသိပ်မသုံးဖြစ်လို့ ထပ်မပေးပါနဲ့အုံး"
"ဟုတ်ပြီသား။လိုတာနဲ့ဖေဖေ့ကို ချက်ချင်းပြောနော်"
"ဟုတ်ဖေဖေ။ဒါဆို ဖေရှိတုန်း ကျွန်တော်အပြင်ခနသွားအုံးမယ်ဗျ။ဖေဖေဘာစားမလဲ၊ဘာဝယ်လာခဲ့ပေးရမလဲ"
"နေပါစေသား။ဖေဖေစားခဲ့ပြီးပြီ။သားမေမေအတွက်သာ တစ်ခုခုဝယ်လာခဲ့လိုက်"
ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတို့ကို သေချာစစ်ရင်း အပြင်သို့ထွက်လာခဲ့၏။ဒီတစ်ခါတော့မှားလို့မဖြစ်တော့ပါ။ဖြစ်နေတဲ့တလွဲတွေက လူတကာငေးလောက်အောင် ချောလွန်းတဲ့ လူရှေ့မှာမှ တစ်ခုပြီးတစ်ခု ဆက်ဖြစ်နေတာမလို့ ရှက်စိတ်တို့ကလဲ ကြီးစိုးနေသေးသည်။
တော်တော်မလွယ်တဲ့ ငါပါလား။✉✉✉✉✉✉✉✉✉✉✉✉✉✉✉✉
"အန်တီ..ရှင်းနီလာတယ်"
"ထိုင်အုံးသမီးရေ..အန်တီဟင်းအိုးတန်းလန်းဖြစ်နေလို့"
အိမ်ထဲဝင်ဝင်ချင်း တွေ့ချင်လွန်းတဲ့ မျက်နှာချောလေးကို မမြင်တာကြောင့် အန်တီ့ကိုအကြောင်းပြုကာ အော်ခေါ်လိုက်ခြင်းဖြစ်နေသည်။
"မျှော်နေတာကြာပြီသမီးရယ်။နေစိမ့်လိုက်တာ၊ခုမှပဲပေါ်လာတော့တယ်။ရော့ အမောပြေသမီးအကြိုက် သဘော်သီးမှည့်လေးစားလိုက်အုံး"
"လာမလို့ပဲအန်တီရယ်။မေမေ့အလုပ်တွေက ကူနေရတာနဲ့လှည့်ကိုမလာဖြစ်တာ။ဒီမှာ အန်တီတို့အတွက် လက်ဆောင်တွေပါလာတယ်။သဘော်သီးမှည့်လေးက ချိုနေတာပဲ။သမီးအကြိုက်အန်တီက သိပ်သိတာပဲ"
သဘော်သီးမှည့်စိတ်လေးတွေကို ပန်းကန်ပြားတစ်ချက်မှ ထိုးယူစားရင်း
လက်တစ်ဖက်မှလဲ ပါလာတဲ့ လက်ဆောင်တွေကို မြှောက်ကာပြလိုက်၏။ဂျွန်က အမေချစ်သားဖြစ်လို့ သားကိုအပိုင်ကြံ အမေကပ်ဆိုသလိုပဲ အန်တီ့ကို အပိုင်ကပ်ထားဖို့လိုသည်။ကိုယ်တိုင်က ရှင်းနီကို ချွေးမလေးအဖြစ်သဘောတကျရှိလှသည်။
ပြည်ပအထိ အခြေဆန့်နိုင်တဲ့အရည်ချင်းရှိလို့ ပွင့်လင်းတဲ့အနေအထိုင်အပြောဆိုတွေ မကြိုက်တဲ့အထိတော့ ကျွန်မက သဘောထားမသေးလှပါ။မိဘချင်းလဲရင်းနှီးကာ ဆွေစဉ်မျိုးဆက်ကြွယ်ဝသူတွေဖြစ်လို့
ရွှေရွှေချင်းဂဟေဆက်တာ ပိုလို့သင့်တယ်တော်မလားလေ။
ရှင်းနီက သားလုပ်သူကို သဘောကျနေတယ်ဆိုတာလဲ မိမိကိုယ်တိုင်ငယ်ရာက ကြီးလာသူမို့ အတတ်သိ၏။
CITEȘTI
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Dragosteမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း