ခန်းဆီးစဖြူဖြူလေးက လေတိုက်လိုက်တိုင်း ဝေ့ဝဲနေရှာသည်။အိမ်မြှောင်စုတ်ထိုးသံတို့ကို အခန်းတွင်းမှ မကြာမကြာ ကြားနေရသည်။ခပ်လှမ်းလှမ်း စားပွဲပေါ်မှာ တင်ထားတဲ့ နှင်းဆီပန်းအိုးလေးမှာတော့ ရနံ့လေးတွေ ပျံလွင့်လို့နေသည်။
ဖြည်းဖြည်းမှန်မှန် အသက်ရှူနေရင်းမှ မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်သည်။
"အစ်မ...အစ်မ ရောက်လာတယ်နော်"
ခေါင်းတစ်ချက်သာညှိတ်ပြလိုက်ပေမယ့် တည်တင်းနေတဲ့မျက်နှာက မိန်းမမာနကို ဖော်ကျူးနေသည်။
အားမရှိလှတဲ့ အပြုံးလေးတစ်ခုကို အိပ်ရာထက်မှ နှစ်လိုဖွယ်ပြုံးပြလိုက်ရင်း ဆေးမသွင်းထားတဲ့ တခြားလက်တစ်ဖက်က ဒေါ်ခင်မမရဲ့ လက်တို့ကို ဆုပ်ကိုင်လာခဲ့သည်။"ညီမကို ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပေမယ့် အစ်မကို ခွင့်မလွှတ်နိုင်စရာတွေလုပ်ခဲ့တဲ့အတွက် နောင်တရမိပါတယ်အစ်မ၊ဒါပေမယ့် ညီမကိုသာ အပြစ်တင်ပါနော်၊အရာအားလုံးက ညီမကြောင့်ဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် ညီမရဲ့ သားလေးကိုတော့ လက်ခံပေးပါအစ်မရယ်၊နွေးထွေးမှုတွေမပေးနိုင်ရင်တောင် အစ်မတို့ရဲ့အရိပ်အောက်မှာ သားလေးကို စိတ်ချသွားချင်လို့ပါ"
လက်ကိုအုပ်မိုးကာကိုင်ပြီး ပြောနေတဲ့သူမရဲ့ လက်တွေက အေးစက်လို့နေသည်။ဖျော့တော့နေတဲ့ မျက်ဝန်းတွေမှာ ညှိုးငယ်မှုတွေကိုပါ တစ်ဆက်တည်း မြင်နေရသည်။ဘယ်လိုပဲ အသည်းမာတဲ့လူဖြစ်နေပါစေ ခုလိုကိုယ့်ကို အနူးအညွတ်တောင်းပန်နေတဲ့ သူမရဲ့ စကားတွေကြောင့် သနားစိတ်တွေက ဝင်လာရပြန်သည်။
"ညီမရဲ့သားကို မေတ္တာမပေးနိုင်ပေမယ့် အစ်မရဲ့အိမ်မှာတော့ နေခွင့်ပြုပေးနိုင်ပါတယ်ညီမ။
သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့အချိန်ရောက်တဲ့အထိတော့သူ့အဖေက တာဝန်ယူပေးနိုင်ပါတယ်ဆိုတဲ့ကတိကို အစ်မပေးနိုင်ပါတယ်""ဟုတ်ကဲ့ပါအစ်မရယ်၊ဒီအိမ်မှာ သားလေးတစ်ယောက်တည်းကိုလဲ ဘယ်လိုမှစိတ်မချနိုင်တာကြောင့်ပါ။သားလေးသူ့ခြေထောက်ပေါ် သူရပ်နိုင်တဲ့အရွယ်ရောက်ရင် အစ်မတို့ရဲ့ သဘောပါပဲရှင်၊အစ်မကိုကျေးဇူးအရမ်းတင်ပါတယ်၊သားလေးကို စိတ်ချပါရစေနော်"
VOUS LISEZ
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Roman d'amourမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း