part 7(Unicode)

535 33 0
                                    

ပတ်ဝန်းကျင်သည် ကြောက်စိတ်ကြောင့်
အေးစိမ့်စိမ့်ဖြစ်နေသလားမသိ။
လေတွေကပဲ တိုက်လာသလိုလို။ကိုယ့်ရှေ့မှာပဲ
လူတစ်ယောက်ရောက်နေသလိုလိုနှင့်။
ကြောက်ကြောက်နဲ့ဖတ်နေရလဲ အဆင်ကမပြေချင်။
ညဘက္ဆို အိပ်လို့ကမပျော်တော့။

ဟိုနေရာက ဖျောက်ခနဲကြားရင် စောင်ခေါင်းမြီးခြုံထားလိုက် ပုတီးကို လည်ပင်းစွတ်ထားရတာက အလုပ်တစ်လုပ်ပင်။

"ခြေရာကြီးက စကောတစ်ချပ်စာလောက်ကြီးတာ ကိုကြီးတာတေရ။အဲ့ခြေရာကြီးဘေးမှာ ခွေးကြီးကလဲသေလို့ဗျာ။အရိုးတွေပါကကျိုးနေတာဗျ။သရဲကြီးက စိတ်တိုပြီးကန်လိုက်တာဖြစ်လောက်တယ်"

စာအုပ်ဖတ်နေရင်းမှ ကြက်သီးတွေကလဲထလာ၏။
ဒီနေရာရောက်တော့ ကြောက်စရာကြီးဆိုပြီးတောင် အသံထွက်ပြောမိသည်။စာရေးသူက စိတ်ကူးယဉ်ပြီးရေးထားတာဆိုတော့ ကြောက်စရာမဟုတ်ပါဘူးလေ ဆိုပြီးတွေးတော့လဲမရ။

"မဖဲဝါရဲ့ရယ်သံက သချိၤုင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ္။
လာနေပြီဗျာ ဂူတွေပေါ်မှာ ရွေ့လာတာ ဖြူဖြူအရိပ်ကြီးဗျ"

ဖတ်နေရင်းမှ လက္ကိုလာထိတဲ့ ခပ်အေးအေး အရာကြောင့် လန့်ကာအော်လိုက်မိ၏။
အသံဘယ်လောက်ပင် ကျယ်သွားသည်မသိ
ဘေးဝိုင်းတွေကပင် လှည့်ကြည့်လာသည္။

တစ်ချို့ဝိုင်းတွေကတော့ မျက်စောင်းလက်နက်တွေကိုသာ အကြိမ်ကြိမ်ပို့နေကျ၏။ကျွန်တော်ရှေ့က လူကိုကြည့်မိတော့ ဗိုက်နှိပ်တာရယ်နေေသးသည္။
တွေ့ပြန်ပြီကွာ။ဒီလူရှေ့မှာပဲ အရှက်က ကွဲပြီးရင်းကွဲရင်းပဲ။

"လက်နဲ့တို့လိုက်တာပါကွာ။မင်းကလဲ။နေ့ခင်းဘက်
ကြီး သရဲစာအုပ်ဖတ်ပြီး ကြောက်နေရတယ်လို့။
ရော့ ရော့ ချွေးသုတ်လိုက်အုံး"

တစ်ရှူးစကိုစွဲထုတ်ကာ သူ့ဆီသို့ကမ်းပေးလိုက်၏။တကယ်ညစ်ပတ်ရုံတင်မဟုတ်ဘူး သရဲပါ အစစ်ကြောက်တတ်သေး၏။
တော်တော် မလွယ်တဲ့ကောင်လေးပဲ။

"ကျေး.. ကျေးဇူးပါဗျ"

"ဘာအတွက်လဲကွ"

"တစ်ရှူး..ပြီးတော့ ဟိုနေ့ကပါ လိုက်ပို့တဲ့အတွက်ရော.."

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Dove le storie prendono vita. Scoprilo ora