တစ်လခန့်ကြာပြီးနောက်....
2019,December9John's Pov
အချိန်တွေက ရေတိုက်စားချင်းလို တရွေ့ရွေ့နဲ့ကုန်ဆုံးသွားခဲ့တယ်။ထားရစ်ခဲ့သူနဲ့ကျန်နေခဲ့ရသူမှာ ကျန်ခဲ့ရသူကရော ဘယ်လောက်ထိ ခံစားရတယ္ဆိုတာ ကျွန်တော်သိခဲ့ပြီ။ကျွန်တော့်ဘက်က သူ့အပေါ်မှာလေးနက်ခဲ့ပေမယ့် ဇယ္ကေတာ့ ကျွန်တော်နဲ့ဆက်ခန့်အပေါ်မှာ မပြတ်သားမှုတွေနဲ့သာ။
မပြတ်သားမှု။အင်း..ပြောရရင် ဇယ့်ဘက်က ဘယ်သူ့ကိုမှ ချစ်တဲ့အရိပ်အယောင်မပြခဲ့ဖူးဘူး။အမြဲလိုလို အားငယ်နေတတ်တဲ့ ကောင်လေးဟာ ခုလိုအိမ်ကထွက်သွားခဲ့တဲ့အချိန်မှာလဲ ပြတ်သားသွားခဲ့ပြန်သည်။ဘယ်အရပ်ဌာနေဆီ မှန်းမျှော်လို့ရောက်သွားမှန်းမသိတဲ့ကောင်လေးကို နေရာအနှံ့မှာ ကျွန်တော်ရောဆက်ခန့်ပါ လိုက်ရှာခဲ့ပေမယ့် ဇယ်နဲ့တူတဲ့အရာဆို အရိပ်ကလေးတောင်မတွေ့ခဲ့ပါ။
ဒီကလေးရဲ့လွတ်မြောက်မှုလို့ပဲ ဖြေဆယ်တဲ့အနေနဲ့ ကျွန်တော်မှတ်ယူချင်ပါတယ်။ကျွန်တော့်မေမေရဲ့ အပြောအဆိုတွေကို မျက်နှာလေးငယ်ပြီးခေါင်းငုံ့နားထောင်ခဲ့တဲ့ကောင်လေးက ဘယ်တော့မှ အာခံပြောဆိုတယ်ဆိုတာမရှိခဲ့ဘူး။တစ်ခုကောင်းပါတယ်။မေမေ့ကိုကျွန်တော်မလွန်ဆန်နိုင်တဲ့တလျှောက်လုံးမှာ ဇယ့်ကို အပြည့်အဝလည်း ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလေ။
ခုအချိန်ဆို ဒီကောင်လေးဘာလုပ်နေမလဲ။လူမသိသူမသိ ဆွေမျိုးမရှိတဲ့ အရပ်မှာနေပြီး အားငယ်နေအုံးမှာလား။အားငယ်တိုင်းရော မျက်ရည်လေးတွေဝဲပီး ချောင်မှာတစ်ယောက်တည်း ငိုနေအုံးမှာလား။
ဒါမှမဟုတ် သူချစ်တဲ့ပန်းပင်လေးတွေစိုက်နေမလား။တစ်ယောက်ယောက်ကိုရည်ရွယ်တဲ့ ပန်းပင်လေးကိုရော အမြတ်တနိူး ပျိုးထောင်နေအုံးမလား။ဆရာတာတေရဲ့ သရဲစာအုပ်တွေဖတ်ပြီး ကြောက်နေအုံးမှာလား။"ကျွီ.."
တံခါးဖွင့်ပြီးဝင်လာတဲ့ ဖေဖေ့ကို မှန်ထဲကတဆင့်မြင်လိုက်မှ အတွေးစတို့ကပြတ်သွားသည်။ဖေဖေကပိုးပုဆိုးခဲရောင်နဲ့တိုက်ပုံအဖြူကို ဝတ်ထားပြီး ရှင်းသန့်လို့နေသည်။
ESTÁS LEYENDO
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Romanceမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း