မိုးအုံ့လို့သစ်ရွက်လေးတွေငြိမ်နေရင် တိမ်တွေပြိုတော့မှာ ကြိုသိတယ်...ဝါဆိုရယ်သိပ်သတိရမိတယ်
ကားပေါ်မှာ ဖွင့်ထားတဲ့သီချင်းလေးနဲ့ထပ်တူ အတူရှိနေပါရဲ့ လွမ်းနေရတဲ့ခံစားချက်က မွန်းကြပ်စရာကောင်းလွန်းသည်။သူရှိရာဘက်ကို ခနခနလှည့်ကြည့်နေမိပေမယ့် အရေးစိုက်ခြင်းမခံရ။
သက်ပြင်းချသံလား အသက်ပြင်းပြင်းရှူသံပေလား မသဲကြဲတဲ့ ဒွိဟအသံတွေကလည်း စိတ်ရှုပ်စရာကောင်းလွန်းနေသည်။သူအိမ်ပြန်လိုက်ရမှာပဲကြောက်နေခဲ့တာလား။ကျွန်တော့်ဘက်ကို လုံးဝလှည့်ကြည့်ပါဘဲ ဖွင့်ထားတဲ့ကားမှန်ကတစ်ဆင့် ပြင်လေတွေကို ရှူရိုက်နေသေးတဲ့ပုံရိပ်လေးက လွမ်းမောဖွယ်ရာကောင်းသည်။
"ဇယ်...ဗိုက်ဆာနေသေးလား၊ကိုတို့ တစ္ခုခု ထပ်စားကြအုံးမလား"
"ကျွန်တော်မစားချင်တော့ဘူးကိုလေး။ခေါင်းထဲမှာ ငြီးစိစိကြီးနေလို့။ကိုလေးစားချင်ရင်ဝင်စားလေ"
ပြောနေတဲ့လေသံက အသက်မပါလှပါ။နီးစပ်ရာဆိုင်ရှေ့မှာ ကားကိုရပ်ရင်း ခါးပတ်ကိုဖြုတ်လိုက်သည်။
အဝေးတစ်နေရာကိုသာ ခပ်ငေးငေးကြည့်နေတဲ့ကောင်လေးက တစ်ခုခုကိုတွေးတောနေဟန်။ဒီကောင်လေးရဲ့ မျက်လုံးတွေကို ကျွန်တော်မဖတ်တတ်ပါ။"အိမ်မှာတုန်းကလဲ ထမင်းသေချာမစားလိုက်ရဘူးမလား။ငါနဲ့ဆက်ခန့် ရန်ဖြစ်နေတာကြောင့် မင်းသေချာမစားလိုက်ရတါ ငါသိတယ်။လာပါ ဖျော်ရည်ဖြစ်ဖြစ်သောက်လိုက်အုံး"
မဖြုတ်ရသေးတဲ့ ကျွန်တော့်ရဲ့ခါးပတ်ကိုဖြုတ်ပေးရင်း ကျွန်တော့်ကို စိုက်ကြည့်နေသူရဲ့ မျက်နှာက နှစ်လိုဖွယ်ကေါင်းအောင် ဆွဲဆောင်မှုရှိသည်။
"ဒါနဲ့လေဇယ်..ကိုမေးစရာရှိတယ်"
"ဟုတ်မေးပါကိုလေး..."
"ကိုကြောင့် မင်းစိတ်အနှောင့်ယှက်ဖြစ်ရလားဟင်"
ဂရုဏာသံပါသော အသံ။စိုးရိမ်မှုလား ပူပန်မှုကြောင့်လားသေချာမသိပေမယ့် အသံတို့က အဖျားခတ်တုန်နေသည်။
"မဖြစ်ပါဘူးဗျာ။ကိုလေးကြောင့်နဲ့ကျွန်တော် စိတ်အနှောက်ယှက်မဖြစ်တာမလို့ စိတ်ကိုငြိမ်ငြိမ်လေးထားနော်"
VOUS LISEZ
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Roman d'amourမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း