သီတင်းကျွတ်လဆန်းတစ်ရက်
ဝါလကင်းလွတ်ပြီဖြစ်တာကြောင့်ရော သီတင်းကျွတ်လဆန်းတစ်ရက်ဖြစ်တာရောကြောင့် ကျွန်တော်တို့တစ်အိမ်သားလုံးတက်ကြွလို့နေသည်။ခုနေ့တော့တိမ်တောင်တိမ်လိတ်လို့ကင်းစင်ကာ ကောင်းကင်ကြီးသည်ပြာလဲ့လဲ့ဖြစ်နေသည်။ပြတင်းပေါက်မှအပြင်ဘက်ကိုလှမ်းကြည့်လိုက်ရက်လဲ တစ်သီတစ်တန်းကြီး လှော်ခတ်နေတဲ့ လှေတန်းများကိုတွေ့ရသည်။
"စိုင်းဉာဏ်ထက်ရေ..သွားမယ်ဟေ့"
"ဉာဏ်မပြီးသေးဘူးလားကွာ..ဟိုမှာကိုနောင်နောင်တို့မင်းကိုလာခေါ်နေပြီ။လာပြီနော်ကိုနောင်နောင်ခနလေး သူအဝတ်လဲနေတုန်းမလို့ပါ"
ပင်နီရောင်ကိုရှမ်းဝတ်စုံကိုဝတ်ရင်း ခေါင်းပေါင်းလေးပါပေါင်းထားတဲ့ချစ်ရသူက ဆံပင်တွေကိုပါ သပ်တင်ထားတာကြောင့် ချောမောလို့နေပြန်ပါသည်။အကျီကြယ်သီးတွေကို ကျွန်တော်က ခပ်မြန်မြန်တပ်ပေးနေတော့ အလိုမကျသလိုကြည့်နေပြန်သည်။
"ဘာလဲ..ဘာကြည့်တာလဲ"
"ဘာလို့မျက်နှာကဒီလောက်ဖွေးနေတာလဲ။အဲ့လောက်ပြင်ဆင်စရာလိုလို့လား။မပြောချင်ဘူးနော်ခင်ဗျားကို"
"လိုလို့ပြင်တာပေါ့။ဘာလဲဒီလောက်လူတွေအများကြီးကြားထဲကို ငါကကြောင်ချီးရုပ်နဲ့သွားရမှာလား"
"အဲ့လိုသွားတော့သူများတွေဝိုင်းကြည့်နေရင်ရော။ခင်ဗျားက ကျွန်တော့်အပိုင်ဆိုင်တာ ဒီအင်းလေးတစ်ဝိုက်ကလူတွေအကုန်သိမှာမဟုတ်ဘူး။ထိကပါးရိကပါးလုပ်တယ်အသံကြားရင်တော့နော် အဲ့လူကျွန်တော်နဲ့အတွေ့ပဲ"
"စိုင်းဉာဏ်ထက်.မင်းဘယ်လိုဖြစ်နေတာလဲ။သူတို့အဲ့လိုလုပ်တယ်ပဲထားအုံးငါက ငြိမ်ခံနေမယ့်သူလား။ခုနေ့ဘုရားပင့်မယ့်နေ့နော် ငါမင်းနဲ့စကားမများချင်ဘူး"
လေသံမာမာန့ပြောမိပြန်တော့ ဒီကောင်ကေ ချက်ချင်းမျက်နှာလေးညှိုးသွားပြန်သည်။တကယ်ပါပဲ သူ့စိတ်ကြီးပဲ။
"မြ..ပြီလား"
မှီရာပါးတစ်ဖက်ကိုခြေဖျားလေးထောက်ကာ နမ်းလိုက်တော့မှ မပြုံးချင်ပြုံးချင်ပြုံးရင်း ကျွန်တော့်လက်ကိုဆွဲကာအိမ်အောက်ကို ဆင်းသည်။
VOUS LISEZ
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Roman d'amourမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း