part 23(Zawgyi)

185 10 0
                                    

အလုပ်ကပြန်လာတဲ့အချိန်တိုင်းမှာ သားဖြစ်သူဇယ်က နေ့စဉ်မပြတ် သံပုရာရည်လေးဖျော်ပြီး အိမ်အဝမှာစောင့်နေတတ်သည်။ခုလဲလာကြိုတဲ့သားရဲ့မျက်နှာလေးက ငယ်ပြီး အနည်းငယ်တောင် ပိန်ကျသွားသည်။

ကိုယ့်သားရဲ့ဖြစ်တည်မှုကို အဖေတစ်ယောက်အနေနဲ့ခန့်မှန်းပြီးသားဖြစ်ပေမယ့် ဂျွန်နဲ့ဆိုရင်လဲ ဖအေတူမအေကွဲတွေမလို့ ဘယ်လိုမှ အပ်စပ်လို့မရပါ။

"သား.နေမကောင်းဘူးလား။မျက်နှာလဲချောင်ကျသွားတာပဲ ဘာတွေစိတ်ညစ်စရာရှိလဲဖေဖေ့ကို ပြောပြလို့ရတယ်သား.."

မျက်ရည်ဝိုင်းနေတဲ့သားရဲ့လက်ကို ဆွဲရင်း သူ့အခန်းလေးဆီဝင်သွားလိုက်သည်။ခုနေ့ကျမှ တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး ဘာအသံမှပင်မကြားရပါ။

"ဖေဖေ..."

"ပြောလေသား..ဖေဖေ့ကို ပွင့်ပွင့်လင်းလင်းပြောပါ"

"ကျွန်တော့်ရဲ့ဖြစ်တည်မှုကို ဖေဖေမရွံဘူးမလားဟင်။ကျွန်တော်ဒီလို ပျော့ညံနေလို့ ဖေဖေလဲစိတ်ပျက်မိမှာပဲ"

လေသံဖျော့လေးနဲ့သားက တစ်ခုခုကိုစိုးရိမ်နေတဲ့ဟန်ပါ။အားကိုးစရာဆို ဒီအဖေပဲရှိတော့တဲ့သားလေးက သူ့ကိုရွံသွားမှာ မုန်းသွားမှာကြောက်နေတဲ့ပုံလေးကြောင့် သနားပိုမိပြန်ပါသည်။

"ကျွန်တော့်မှာနောက်ဆုံးအားကိုးစရာ မှီတွယ်စရာဆိုလို့ဖေဖေပဲရှိတော့တာပါ။ဖေဖေ့ရဲ့အရိပ်အောက်မှာပဲနေပြီး ဖေဖေ့အချစ်တွေကိုလိုချင်သေးတာ။ခုတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဖေဖေ"

"ဖေဖေသိသင့်သလောက်တော့ သိပြီးပြီ သား။ဒါပေမယ့် ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချပါသား။ဖေဖေက သားကိုဘယ်လောက်ချစ်တယ်ဆိုတာသိရင် သားခုလို ဆုံးဖြတ်ချက်ကို ကန့်ကွက်မှာမဟုတ်ဘူးဆိုတာ​တော့ အကြွင်းမဲ့ယုံပါ။ဖေဖေ့ကိုတော့အဆက်သွယ်မဖြတ်နဲ့နော်."

"ဟုတ်ကဲ့ပါဖေဖေ..ကျွန်တော်စိတ်မဆင်းရဲချင်တော့ဘူး။ပြီးတော့ကျွန်တော့်ကို ညိုငြင်မှုရှိတဲ့ပတ်ဝန်းကျင်ကိုလဲ ရင်မဆိုင်ချင်တော့ဘူး။ကျွန်တော့်ကြောင့်ပါ တစ်ခြားသူတွေ စိတ်ဆင်းရဲနေရတာမြင်တော့ ကိုယ့်ကိုကိုယ်နာကျည်းမိတယ်ဖေဖေ"

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Onde histórias criam vida. Descubra agora