မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီးလို့ ခြံထဲက အပင်လေးတွေမှာ ရေဝပ်လို့နေသည်။မြောင်းဖောက်ပြီးဘောင်တွေဖော်ပေးနေတော့ ခြံဝဆီမှာ ကားဟွန်းသံကြောင့် ခပ်သွက်သွက်လေး အပြေးသွားမိ၏။
တော်ရုံဧည့်သည်တွေ မလာတတ်ပေမယ့် ခုလိုလာတတ်သူတစ်ဦးကိုတော့ ကျွန်တော်ရောမေမေပါ မျှော်တတ်မြဲဖြစ်သည်။
ခြံတံခါးကို ပြန်ပိတ်ရင်း အိမ်ထဲကို ခပ်မြန်မြန်လျှောက်လာဖြစ်တော့ ဖေဖေက ဧည့်ခန်းထဲပင် ရောက်လို့နေသည်။"ကလျာရယ် ပိန္သြားလိုက္တာကြာ"
လက်ဖောင်းဖောင်းလေးတွေကို ညင်သာစွာဆုပ်ကိုင်ရင်း ညင်သာတဲ့စကားလေးတွေကိုဆိုနေမိ၏။
စကားတွေ တုန်နေတာကိုလဲ သတိထားမိသည်။"ဆေးရောပုံမှန်သောက်ရဲ့လားကလျာ။ခုတစ်လောနေလို့ထိုင်လို့ရော ကောင်းရဲ့လား။"
"နေလို့လဲကောင်းပါတယ်ကိုရယ်။ပိန်သွားတယ်ဆိုလဲ ဆေးတွေကြောင့်ပဲနေမှာပါ။ပြီးတော့ သားလေးအကြောင်းတွေးမိရင် အိပ္မေပ်ာ္ဘူး။ကလ်ာ စိတ်လဲမချနိုင်ဘူးကိုရယ်။ရင်ထဲက မွန်းကြပ်တယ်
သားက သိတတ်တဲ့ကလေးဖြစ်နေလို့တော်သေးတာ"မေမေ့ပခုံးကို ကြင်နာစွာကိုင်ရင်း မေမေ့မျက်နှာကိုကြည့်နေတဲ့ဖေဖေဟာ တစ်လောကလုံးကို အရှုံးပေးထားတဲ့ အရှုံးသမားကြီးလို ဖြစ်နေသည်။
မေမေ့ကို တရားဝင်မယူခဲ့ပေမယ့် ကျွန်တော်နဲ့မေမေ ဘယ်တော့မှ မပူမပင်ခဲ့ရ။လိုလေသေးမရှိအောင်ဖေဖေက ဖြည့်ဆည်းပေးခဲ့သည်။ဖေဖေက ကျွန်တော်နဲ့မေမေ့အတွက်တော့ တကယ့်စံပြလူသားတစ်ဦးပါ။
"ပိုကိဆံကျန်သေးလား သား"
"ကျန်သေးတယ်ဖေဖေ။ကျွန်တော်လဲ ဘာမှထွေထွေထူးထူးသုံးစရာမရှိလို့ ထပ်မပေးပါနဲ့အုံးဗျ"
"ဟုတ်ပြီသား။မရှိတော့ရင် ဖေ့ကိုပြောနော်"
"ဟုတ်။ဒါဆို ဖေအိမ်မှာရှိတုန်း ကျွန်တော်အပြင်သွားအုံးမယ်ဗျ။ဖေဘာစားချင်လဲ။ဘာဝယ်ခဲ့ပေးရမလဲ"
"မဝယ်ခဲ့နဲ့သား မင်းရဲ့မေအတွက်သာ တစ္ခုခုဝယ္လာခဲ့။ေဖက စားပြီးခဲ့ပြီ"
BINABASA MO ANG
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Romanceမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း