ဇာတ်လမ်းမိတ်ဆက်
11.6K 280 9
ထဲပါပဲလေ"
{ခွန်းစစ်မဟော်}
ထင်တယ်"
{စိုင်းဒီပါယံ}
____________________________
တူမနေဘူးလားကွယ်..."
{ကြယ်တာရာလင်း}
{နန်းစောမူ}
တစ်ပုဒ်။
ပါအုံး။
************************************
"အချစ်ဆိုတာ ဟောဒီကောင်းကင်ပေါ်မှာ
ရှိနေတဲ့ တိမ်မျှင်လေးတွေလိုပဲ ပုံသဏ္ဍန်
အတိအကျသတ်မှတ်လို့မှမရတာ၊ ပြီးတော့
ကိုယ့်ကိုအခြားလူတစ်ယောက်နဲ့ဘယ်လို
ပဲ ပေါင်းဖတ်ဖို့ညွှန်ကြားကြား ကိုယ်တကယ်
ချစ်ပြီး မြတ်နိုးတာကတော့ မင်းတစ်ယောက်
ထဲပါပဲလေ"
{ခွန်းစစ်မဟော်}
"ငယ်ငယ်ရွယ်ရွယ်ကလေးဘဝတုန်းကတော့
ဟောဒီနေရာမှာအလှဆုံးက စိမ်းမြကြည်လင်
နေတဲ့အင်းရေပြင်ကြီးရယ်၊ ရေမျက်နှာပြင်နား
မှာဝေ့ဝဲပျံသန်းနေတဲ့ စင်ရော်ငှက်ကလေးတွေ
ရယ်ကိုပဲအလှဆုံးလို့ထင်ခဲ့တာ၊ဒါပေမဲ့ အခုချိန်
ဒီပါ့အတွက်အလှဆုံးနဲ့အအေးမြဆုံးကတော့
ချစ်ရသူမဟော်ရဲ့မျက်နှာလေးလို့ပဲဖြေမိမယ်
ထင်တယ်"
{စိုင်းဒီပါယံ}
____________________________
"ကိုယ့်အတွက်မဟုတ်ဘဲငေးမောကြည့်ရုံသာ
တတ်နိုင်မဲ့ စောမူကိုချစ်မိတဲ့ကိုယ့်ရဲ့အဖြစ်က
လက်လှမ်းမမှီတဲ့လမင်းကြီးကိုမှလိုချင်နေတဲ့
ကလေးငယ်လေးတစ်ယောက်ရဲ့အဖြစ်နဲ့များ
တူမနေဘူးလားကွယ်..."
{ကြယ်တာရာလင်း}
"စောမူတို့ရဲ့ဖူးစာက မင်ရည်များကျဲနေသ
လား တာရာရယ်။မေတ္တာရေးနဲ့ကတိသစ္စာ
လွန်ဆွဲပွဲမှာ စောမူရဲ့နှလုံးသားလေးကြေမွ
သွားမှာစိုးရိမ်မိတယ်"
{နန်းစောမူ}
ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊တမ်းတခြင်း၊
လွမ်းဆွတ်ခြင်းတို့ဖြင့်ပြည့်နှပ်နေသော
အချစ်သံသရာအလယ်တွင် နူးညံ့သိမ့်မွေ့
စွာပေါက်ဖွားလာခဲ့သော အင်းလေးဒေသ
နောက်ခံ မြတ်နိုးဖွယ်အချစ်ဇာတ်လမ်းလေး
တစ်ပုဒ်။
A/N-ကျွမ်းကျင်စာရေးအဆင့်မရောက်သေး
ပေမဲ့အတတ်နိုင်ဆုံးကြိုးစားပြီးရေးသားထား
တဲ့ ဒီficလေးကိုလဲဖတ်ရှု့ပြီးဝေဖန်ပေးကြ
ပါအုံး။
************************************