အခန်း-၃ {နှဖူးစာရွာလည်}
1.4K 119 16
{Zawgyi}
အဲ...ကိုကို စက်လှေပါမလာဘူးဘဲ
ထိုအချိန်ကျမှ အသိဝင်လာသော ကိုယ့်စိတ်
ကိုယ်သာအပြစ်ဆိုမိရင်း နှဖူးကိုလက်ဖြင့်သာ
ခပ်နာနာရိုက်ရင်းအပြစ်ပေးမိလေတော့၏။
နှဖူးအားလက်ဖြင့် ရိုက်လိုက်ချိန်တွင် လက်တွင်
ပတ်ထားသော ငွေရောင်လက်ပတ်ကြိုးလေးသ
ည် ပြတင်းပေါက်မှ ဖြာကျနေသော နေအလင်း
ရောင်ကြောင့် လက်ခနဲဖြစ်သွားလေသည်။
ဦးကြာရုံသည် တာရာလက်တွင်ပတ်ထားသော
ကြိုးလေးကိုကြည့်လိုက်ရင်း ခပ်ဖြည်းဖြည်းပြုံး
လိုက်၏။ထို့နောက် တာရာ့ ရှေ့မှထ,သွားကာ
အခန်းထဲမှ ယွန်းသေတ္တာငယ်လေး တစ်လုံးကို
ယူဆောင်လာလေသည်။တာရာရှေ့တွင် ထို
သေတ္တာငယ်လေးကို ချကာ ဖွင့်လိုက်ပြီး အထဲ
မှ တာရာ ပတ်ထားသည့် ကြိုးနှင့်ဆင်တူသည့်
ငွေကြိုးလေးတစ်ကြိုးကို ထုတ်ပြလေသည်။
ဦးကြာရုံ ထုတ်ပြသည့် လက်ပတ်ကြိုးငွေရောင်
လေးကို တွေ့ကာမှ တာရာသည် သူ့လက်အား
သူပြန်ကြည့်မိလေတော့သည်။
"မောင်ရင့် လက်မှာပတ်ထားတဲ့ ကြိုးနဲ့ဒီကြိုး
လေးက ဆင်တူနေတယ်မလား၊ဦးကြာရုံလက်
ထဲမှာ ကိုင်ထားတဲ့ ကြိုးလေးက ဦးကြာရုံရဲ့
ညီ၊စောမူလေးရဲ့အဖေ ပစ္စည်းပေါ့၊မောင်ရင့်
လက်မှာ ပတ်ထားတဲ့ကြိုးလေးကတော့ သား
အဖေရဲ့နောက်ဆုံးထားခဲ့တဲ့ ပစ္စည်းလေးပဲဖြစ်
လိမ့်မယ်"
ဦးကြာရုံစကားတွေသည် တာရာ့အတွေးတို့အား
နက်နဲသွားစေခဲ့သည်။နားလည်၍အတွေးအခေါ်
နက်နဲခြင်းမဟုတ်ဘဲ နားမလည်၍ လျှောက်တွေး
ရင်း အတွေးများနက်နဲ သွားခြင်းပေ။
တာရာ့လက်တွင် ပတ်ထားသော ငွေကြိုးလေး
သည် အမှန်တကယ် တာရာ့ ပစ္စည်းမဟုတ်ချေ။
ရန်ကုန်မှ-တောင်ကြီးကားစီးနေချိန်တွင် မဟော့် လက်တွင်ပတ်ထားသော ငွေကြိုးလေးကိုမြင်ပြီးသဘောကျ၍ မဟော်အိပ်ပျော်နေစဉ်တွင် လက်
ထဲ မှခိုးဖြုတ်ယူကာ စမ်းဝတ်ကြည့်ရင်း ပြန်ပေး
ရန် မေ့လျော့သွားခဲ့ခြင်းဖြစ်သည်။
ထို့အတူ မဟော်သည်လည်း အိမ်မှမထွက်မီ
မိခင်ဖြစ်သူမှ အရေးကြီးပစ္စည်းဖြစ်၍ ကရုစိုက်
ရန် အတန်တန်မှာကြားခဲ့သော်ငြားလည်း လက်
ပတ်ကြိုးပျောက်နေခဲ့သည်ကို နည်းနည်းလေး
မှပင် သတိမထားမိခဲ့ချေ။