{Zawgyi}
တိတ်ဆိတ်နေသော ညချိန်တွင် စက်လှေသည်
ရေလွှာကိုထိုးခွဲကာ အရှိန်ပြင်းစွာဖြင့် မောင်းနှင်
နေ၏။ စက်လှေအလယ်တွင် မဟော်နှင့်ဒီပါ
ထိုင်နေကြပြီး မဟော်က ဒီပါ့ ပုခုံးလေးကို ပွေ့
ဖက်ထားသည်။"မဟော်..ဒီပါတို့ဘယ်ကိုသွားကြမှာလဲဟင်"
"ကိုယ်တို့ ညောင်ရွှေကနေ-ရွှေညောင်ကိုသွား
မယ်..ပြီးရင် ရွှေညောင်ကနေ တောင်ကြီးကား
စီးပြီး တောင်ကြီးကနေ တာချီလိတ်ကိုသွား
ရမယ်..တာချီလိတ်မှာ ကိုယ့်မိတ်ဆွေအသိ
တစ်ယောက်ရှိတယ်..ကိုယ်သူ့ကို ကြိုပြီးတော့
ဆက်သွယ်ထားတယ်..တာချီလိတ်ရောက်ရင်
သူလာကြိုလိမ့်မယ်"ဒီပါက လက်ထဲတွင်ကိုင်ထားသော အဝတ်
ထုတ်အိတ်လေးကို ကျစ်နေအောင် ဆုပ်ကိုင်
ရင်း အင်းလေးရေပြင်ကို လွမ်းဆွေးစွာပင်
ငေးမောကြည့်နေ၏။ သူမွေးလာတဲ့အချိန်
ထဲက မနေ့တစ်နေ့ကထိ ဒီအင်းလေးမြေကို
စွန့်ခွာကာ အဝေးတစ်နေရာတွင် သွားနေလိမ့်
ရမည်ဟု တွေးပင်မတွေးခဲ့ဖူးချေ။ သူအင်းလေး
ကိုချစ်သည်။ ဒါပေမဲ့ အခု သူချစ်တဲ့ အင်းလေး
မြေကို ခွဲခွာရတော့မည်။ဒီပါ့ မျက်ဝန်းအိမ်မှ မျက်ရည်စလေးတစ်စက်
သည် ဒီပါ့လက်ကို အပေါ်ကနေ အုပ်မိုးဆုပ်ကိုင်
ထားသည့် မဟော့် လက်ဖမိုးပေါ်သို့ ပေါက်ခနဲ
ကျလာချိန်တွင် မဟော်က ဒီပါ့ ပုခုံးလေးအား
ပိုမိုတင်းကြပ်စွာပင်ဆုပ်ကိုင်လိုက်၏။ ထိုအခါ
ဒီပါက မဟော့် ပုခုံးပေါ်တွင် မျက်နှာလေးအပ်
ရင်း ရှိုက်ငင်စွာပင် ငိုကြွေး၏။"ဒီစက်လှေပျက်ရင်း တွေ့ခဲ့တဲ့ မဟော်နဲ့ ဒီပါ
တို့က နောက်ဆုံးတော့ ဒီစက်လှေနဲ့ အဆုံးသတ်
သွားကြတာပေါ့...ဒီစက်လှေကို 'ဖူးစာရေးနတ်'
လို့တောင် နာမည်အသစ်ပေးရတော့မယ်..ထင်
တယ်"လင်းဦးက ရွှင်မြူးစွာပြောတော့ ဒီပါက
ငိုရင်းနှင့်ပင် ခပ်သဲ့သဲ့ပြုံးလေသည်။
လင်းဦးက ရေလမ်းအဆုံးထိလိုက်ပို့ရင်း
ကူညီ၏။"ဘာပဲဖြစ်ဖြစ်..မင်းရွာကိုပြန်လာရင် ငါ့အိမ်
ကို အရင်ဆုံးလာရမယ်သိလား..! မင်း ချစ်ရ
သူနဲ့ ပျော်ရွှင်စွာ သက်ဆုံးတိုင်ပေါင်းဖက်
နိုင်ပါစေ"
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့