{Zawgyi}
"ဒါဆို..မင်းက သားမဟော်ကို လပ်ထပ်ပြီး
တာနဲ့ ဆေးပညာအကူအညီနဲ့ ကလေးယူ
မယ်ပေါ့ ဟုတ်လား""ဟုတ်ပါတယ်..ဒီပါတို့လက်ထပ်ပြီးတာနဲ့
ကလေးယူကြမှာပါ။ ဒီပါနဲ့ မဟော့်ကို
သဘောမတူနိုင်တဲ့ အဓိကအကြောင်းအရင်း
က ဒီပါက အန်တီ့အတွက် မြေးလေးမမွေးပေး
နိုင်လို့မလား? တကယ်လို့ ဒီပါကသာ အန်တီ့
အတွက်မြေးလေးမွေးပေးနိုင်ခဲ့ရင် ဒီပါနဲ့ မဟော့်
ကို သဘောတူပေးနိုင်မလား"ဒီပါ့စကားကြောင့် ဒေါ်ပန်းသုဟန် တစ်ချက်
တွေဝေသွား၏။ မဟော်က မိခင်ဖြစ်သူ၏
မျက်နှာကို လှမ်းအကဲခတ်သလိုကြည့်နေ၏။"မေမေသာ ဒီပါနဲ့ သားကိုသဘောမတူရင်
မေမေ့ဆီကို သားနောက်ထပ် ဘယ်တော့မှ
ပြန်မလာတော့ဘူးနော်""မဟော်ကလည်းနော်..မဟော့်အမေက
ဘယ်လောက်စိတ်ပူနေလဲသိရဲ့လား?
ကျန်းမာရေးမကောင်းတဲ့ လူကြီးကို
စိတ်ပူအောင် သိပ်လုပ်တာပဲ"ဒေါ်ပန်းသုဟန်ကို လိုချင်တာကိုမရလို့
စိတ်ဆိုးနေသည့် ကလေးတစ်ယောက်နှယ်
ပြောလိုက်သော မဟော့်ကို ဒီပါက မျက်စောင်း
လှမ်းထိုးရင်း ဆူလိုက်၏။"ဒီပါက ကိုယ့်ဘက်ကမဟုတ်ဘဲ မေမေ့
ဘက်ကလား"ဒီပါ့ အကြည့်တစ်ချက်အောက်တွင် မဟော့်
အသံလေးချက်ချင်းပင် တိတ်ကျသွား၏။"ဒီနေ့ အန်တီက သားတို့နှစ်ယောက်ရဲ့
ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်အပေါ်
တစ်ယောက်ထားတဲ့စိတ်ကို မြင်ခဲ့ရပါ
တယ်။ အန်တီ့အနေနဲ့လည်း လူကြီး
တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုကိစ္စ
ကို လက်သင့်ခံဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့
ဆက်ပြီးတော့ အန်တီ့ရဲ့ အတ္တတွေကြောင့်
သားမဟော်ကို ထပ်ပြီးထိခိုက်မနာကျင်စေ
ချင်တော့ဘူး။ ပြီးတော့ ဒီပါကလည်း အန်တီ့
အတွက်မြေးလေးမွေးပေးမယ်ဆိုရင် အန်တီ
က သားတို့နှစ်ယောက်ကို သဘောမတူနိုင်စရာ
အကြောင်းမရှိတော့ပါဘူးကွယ်""ဒါဆို..မေမေက သားတို့နှစ်ယောက်ကို
လက်ခံပေးမယ်ပေါ့..ဟုတ်လား မေမေ""အင်း..မေမေ လက်ခံပေးပါ့မယ်ကွယ်။
သားတို့နှစ်ယောက် ဘာအခက်အခဲပဲရှိရှိ
တစ်ယောက်ကိုတစ်ယောက် နားလည်မှု
လေးထားပြီး သားတို့ရဲ့အိမ်ထောင်ရေး
ခရီးလမ်းလေးချမ်းမြေ့ပျော်ရွှင်ပါစေလို့
မေမေ ဆုတောင်းပေးပါတယ်"
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့