အခန်း-၅ {နှလုံးသားပုံရိပ်}
1.1K 100 30
{Zawgyi}
မှောင်ရီသော ဆည်းဆာမဟုတ်ဘဲ တိမ်တောက်
သော ညနေခင်း ဖြစ်၍ကောင်းကင်တစ်ခွင်သည်
အရင်ရက်ကများထက် ထူးထူးခြားခြားလှပလို့
နေသည်။ ပုဇွန်ဆီရောင်သွေးလိမ်းချယ်၍ နီရဲရဲ
ဖြစ်လို့နေသော ကောင်းကင်ထက်တွင် လိမ္မော်
ရင့်ရင့်ဖြင့် တစ်မျိုး၊ ခရမ်းပြာရောစပ်တိမ်များ
ဖြင့်တစ်ဖုံ၊ ဖြူလွလွတိမ်များက တစ်သွယ်ဖြင့်
ရောစပ်ပုံဖော် ဖြည့်စွက်ထားပုံသည် ညနေ
ဆည်းဆာကို ပို၍ပင် ရုပ်လုံးကြွစေသည်။
ကြည်လင်ငြိမ်သက်နေသော ကန်ရေပြင်လယ်
တွင် လှော်တက်လေးကို ကိုင်ကာလှော်ခတ်နေ
သော မဟော့်မျက်နှာထက်တွင် အပြုံးပန်းတို့
ဝေဆာနေကာ မျက်နှာချင်းဆိုင်ထိုင်နေသော
ဒီပါကို ငေးကြည့်နေခဲ့သည်။
"ဟိတ်လူ...လှေကိုသေချာလှော်စမ်းပါ၊ခင်ဗျား
လှော်ပုံနဲ့ဆို ဒီနေ့ ရွာကိုပြန်ရောက်တော့မှာမဟုတ်
ဘူး၊အရှေ့ကိုမလှော်ဘဲ ဘာလို့အနောက်ကိုပဲ
ပြန်ပြန်လှော်နေရတာလဲ"
"အာ..ဟုတ်သားပဲ အဲ့တာကြောင့် လှေကဘာလို့
ဒီနေရာကိုပဲ ပြန်ပြန်ရောက်နေလဲလို့စဉ်းစားနေ
တာ"
မဟော်က ခပ်ပြုံးပြုံးဆိုရင်း တိုက်ခက်လာသော
လေပြည်နုလေးကိုရှုရှိုက်နေရင်း အိပ်တန်းတက်
ရန် မူလနေရာဌာနသို့ ယွင်းနေကြသည့် ငှက်တစ်
အုပ်ကိုလည်း လှပစွာတွေ့မြင်လိုက်ရသည်။
အင်းလေး၏ ညနေဆည်းဆာအလှကို ငေးမော
နေရင်း မဟော် ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်မိ၏။
လွန်ခဲ့သည့် နှစ်တွေတစ်လျှောက်လုံး ညနေခင်း
ဆည်းဆာသည် သည်လောက်လှပမှန်း မဟော်
မသိခဲ့။လူ့လောကတွင် အသက်ရှင်နေသမျှကာလ
ပတ်လုံး လောက၏အလှကို မြင်တတ်၊ရှု့တတ်၊ခံစားတတ်ရမည်ဆိုသော စကားကို ယခုမှ မဟော် ကောင်းစွာသဘော ပေါက်လာရသည်။တစ်ချိန်
လုံးအလုပ်ထဲတွင်သာ ခေါင်းကိုနှစ်ထားပြီး
လောက၏အလှအပဆိုသည်မှာ ဘာမှန်းလည်း မဟော် မသိခဲ့ချေ။
မြင်မြင်သမျှ အလုပ်များကိုသာ သိမ်းကျုံးလုပ်
ရင်း၊ တွေ့သမျှအရာအားလုံးကို မျက်စိဆံပင်
မွှေးစူးနေသည့်အလား လိုက်လံအပြစ်တင်ပြော
ဆိုတတ်ပြီး၊ တဗျစ်တောက်တောက်ဖြင့်မှုန်ကုတ်
ကုတ်ဖြစ်နေတတ်သော မဟော့် မျက်နှာသည်
ယခု လူစားလဲခံလိုက်ရသလို ရုတ်ချည်းပင်ပြောင်းလဲနေလေသည်။