{Zawgyi}
တာရာ့မင်္ဂလာပွဲပြီးတစ်ပတ်အကြာတွင်
တာရာ့မိဘများက မိုးကုတ်သို့ပြန်သွား
ကြ၏။ တာရာနှင့် စောမူအတွက် ရန်ကုန်
ရှိ တိုက်နှင့်ခြံကိုလက်ဖွဲ့လေသည်။ သို့သော်
စောမူက အင်းလေးမှမခွဲနိုင်ဟုဆိုသဖြင့်
တာရာက အင်းလေးတွင် ဟိုတယ်လုပ်ငန်း
နှင့် ခရီးသွားလုပ်ငန်းတစ်ခုထူထောင်ပြီး
အင်းလေးတွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်
လေသည်။ တာရာ့မိဘများကလည်း တာရာ့
စိတ်ကူးကို မကန့်ကွက်ခဲ့ပေ။သို့သော် မဟော့်အတွက်တော့ အင်းလေး
တွင် ဆက်နေထိုင်ရန် အကြောင်းပြချက်
ရေရေရာရာမရှိသေးချေ။ ဒေါ်ပန်းသုဟန်
က ရန်ကုန်သို့ မဟော့်ကိုလည်း အတူပြန်
လိုက်စေချင်သည်။အိမ်ထဲရှိဧည့်ခန်းတွင် လူစုံနေ၏။ မဟော်
နှင့် ဒီပါသည် ဦးကြာရုံနှင့် ဒေါ်ပန်းသုဟန်
ရှေ့တွင် ထိုင်ရင်းငြိမ်နေခဲ့သည်မှာ နာရီဝက်
ခန့်ပင်ရှိနေလေပြီ။ ဖွင့်ပြောရန်အားယူပြင်
ဆင်လာသည့် စကားများသည့် အစအနပင်
ရှာမရအောင် လည်ချောင်းဝတွင်သာတစ်စို့
ပျောက်ရှနေ၏။"သား..မဟော်..ပြောစရှိတယ်ဆိုပြောလေ!
မေမေတို့ဒီမှာထိုင်နေတာ နာရီဝက်လောက်
တောင်ရှိပြီ..မနက်ဖြန် ရန်ကုန်ပြန်ဖို့ ပြင်ဆင်
စရာရှိတာတွေပြင်ရအုံးမယ်လေ..သားရဲ့
ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောလေ"ဒေါ်ပန်းသုဟန်က စကားလမ်းကြောင်းဖွင့်
ပေးလိုက်တော့ ဒီပါနှင့် မဟော် တစ်ယောက်
မျက်နှာတစ်ယောက်ငေးရီစွာကြည့်လျက်
မဟော်က စတင်ပြီး ပေါင်ပေါ်တွင်တင်ထား
သော ဒီပါ့လက်လေးကို အပေါ်မှ အုပ်မိုး
ဆုပ်ကိုင်လိုက်ကာ....၊"မေမေနဲ့ ဦးကြာရုံ..သားတို့ကို နားလည်ပေး
ပါ..ဒီပါနဲ့ ကျွန်တော်တို့က ချစ်သူတွေဖြစ်နေ
ကြပြီ""ဟာ...!! "
"ဘုရားရေ...!! "
ဦးကြာရုံနှင့် ဒေါ်ပန်းသုဟန်ဆီမှ အံ့သြသည့်
အသံများက ပြိုင်တူပင်ထွက်ပေါ်လာလေ
သည်။"ဦးကြီး..ဒီပါတို့ကို လက်ခံပေးနိုင်မလားဟင်"
ဘယ်လိုပဲအားတင်းထားပါစေ ဒီပါ့ အသံလေး
သည် အဖျားခတ်တုန်ရင်လာ၏။
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့