အခန်း-၁၀{ချစ်ခြင်းထက်ပိုသောမြတ်နိုးမှု}
886 78 11
{Zawgyi}
ရွာမဈေးသည် ဈေးဝယ်၊ ဈေးရောင်းများဖြင့်
ဆက်လက်စည်ကားနေဆဲဖြစ်သည်။ မဟော်
သည် ဒီပါ သင်ကြားပေးလိုက်သော အရာလေး
ကို နားလည်လက်ခံကာတွေးတောရင်း တိတ်ဆိ
တ် သွားခဲ့သော်လည်း ဘေးရှိ နန်းစောမူ၏လှေ
ငယ်ပေါ်မှ တာရာ့ အသံကျယ်ကြီးထပ်မံထွက်
ပေါ်လာခဲ့ပြန်သည်။
တာရာသည် အင်းလေးချည်သားအင်္ကျိအဖြူ
ကို အသားရောင်ဒူးဖုံးဘောင်းဘီတိုလေးဖြင့်
တွဲဖတ်ဝတ်ဆင်ထားသည်။ ရှမ်းခမောက်ဝိုင်း
ကို ခပ်ငိုက်ငိုက်စောင်းထားတာမို့ မျက်နှာအား
သဲကွဲစွာမတွေ့မြင်ရချေ။
ထိုစဉ်စောမူ၏ ဈေးလှေရှေ့သို့ ဈေးသို့လာသော
ပုံစံနှင့်မတူဘဲ ဝတ်ကောင်းစားလှများဖြင့် ဝတ်
စားထားသော လှေတစ်စီး ရောက်ရှိလာခဲ့လေ
သည်။ လှေဦးတွင် မိန့်မိန့်ကြီးထိုင်နေသော ထို
သူ၏နောက်တွင် ဆယ်ကျော်သက် ကောင်လေး
တစ်ယောက်သည် ထီးတစ်ချောင်းကိုင်ကာ ထိုသူ
အား မမှီမကမ်းဖြင့် ထီးမိုးပေးနေရရှာသည်။
ထိုသူက ရက်ကန်းစင်ထွက် ချည်ထည်စတို့ကို
လက်ဖြင့်ကိုင်တွယ်ကြည့်ရင်း စောမူ မျက်နှာအား
မချိုမချဉ်ကြည့်ကာ.....၊
" ချည်သားအဆင်လေးတွေက...လှနေတာပဲ
နော်၊ ရက်တဲ့လူအတိုင်းပဲ"
"ဟုတ်တယ်ရှင့်။ ကိုသက်ညာပြောတဲ့ဒီချည်သားအဆင်လေးကအရမ်းလှမှာပေါ့ရှင်..အင်းပေါ်ခုံး
က ကိုစစ်ဝေ ဇနီးရဲ့လက်ရာပဲကို"
ကိုစစ်ဝေ ဆိုသည့် နာမည်ကိုကြားလိုက်သည်
နှင့် သက်ညာ သည် လက်တွင်ကိုင်ထားသော
ထိုချည်စကို ပစ်ချလိုက်ပြီး စောမူအား အင်
တင်တင်ပြုံးပြလေသည်။ မိဘမျိုးရိုးချမ်းသာ
ပြီး စကားပြောတိုင်း အနှောင့်အသွားမလွတ်
ပြောတတ်သော သက်ညာဆိုသည့်လူ တစ်ဦး
တည်းသောကြောက်ရသည့် သူသည် ကိုစစ်ဝေ
သာဖြစ်သောကြောင့် စောမူ ထိုသို့ပြောလိုက်ခြင်း
ဖြစ်သည်။ ထို့ပြင် သက်ညာ သည် စောမူ ငယ်သူ
ငယ်ချင်းများ၏ အစ်ကိုဖြစ်တာကြောင့် ဘဝင်မကျသော်လည်း အလိုက်အထိုက်တော့ ဆက်ဆံ
ပေးနေရသည်။
"အော်..ဟုတ်လား..ဒါဆိုလည်းကိုယ့်အမေ
အတွက် လုံချည်လေးတစ်ထည်ဝယ်ပေးချင်
လို့ ကိုယ့်အတွက် ကူရွေးပေးပါလား"