အခန်း-၂ {တွေ့ဆုံခြင်းရဲ့ကံကြမ္မာအစ}
1.7K 142 24
{Zawgyi}
"ကိုကိုရေ..အင်းလေးရေပြင်ကြီးဗျ"
စက်လှေပေါ်တွင်မတ်တတ်ရပ်ကာ လက်နှစ်
ဖက်ကိုဆန့်တန်းပြီး ဝမ်းသာအားရအော်ဟစ်
နေသော တာရာကို မဟော်ငေးစောင်းကြည့်မိ
သည်။ပွယောင်းယောင်းဆံပင်များက လေနှင်
ရာသို့ပျံ့လွင့်နေပြီး ရေညှိစိမ်းရောင်ခပ်ပွပွ
အင်္ကျိပါးလေးနှင့်ဘောင်းဘီဖြူလေးများက
တဖျပ်ဖျပ်လှုပ်ခပ်လို့နေသည်။
နေကာမျက်မှန်အနက်ရောင်ကိုတပ်ထားပြီး
နှဖူးပေါ်ရှိဆံပင်တွေကိုခဏခဏသပ်တင်
ကာ ဘယ်နေရာရောက်ရောက်ရှိုးထုပ်မပြတ်
သော တာရာ့ကိုကြည့်ရင်း မဟော်ရယ်ချင်လှ
သည်။အိမ်ပြောင်းလာသလာဟုထင်ရလောက်
အောင်ကိုပင် အထုပ်ကြီး၊အထုတ်ငယ်များစွာ
သယ်လာသော တာရာ့ပစ္စည်းများနှင့်မဟော်ရဲ့
ခရီးဆောင်အိတ်နှင့်လက်ဆွဲအိတ်တစ်လုံးေ
ကြာင့် ထိုစက်လှေငယ်လေးပေါ်တွင် မဟော်
ထိုင်စရာနေရာပင်မရှိတော့ချေ။
ထို့ကြောင့် နောက်ထပ်စက်လှေတစ်စီးကို
ထပ်ငှားရကာ ထိုစက်လှေပေါ်တွင်မဟော်
နှင့်စက်လှေမောင်းသူတစ်ယောက်သာပါ
လေသည်။
တာရာ ပါသည့်စက်လှေကအရှေ့ကနေ
အရှိန်ဖြင့် ရေပြင်နှင့်လေလွှာကိုထိုးခွဲနေ
လေသည်။တာရာ ကစက်လှေသမားဆီ
သို့တစ်ခုခုလှမ်းပြောလိုက်တိုင်း စက်လှေ
၏အရှိန်သည်ပို၍ပင်မြန်လာလေသည်။
စက်လှေအရှိန်မြန်လာတိုင်း တာရာစိတ်
သည်ပို၍ပင်လှုပ်ရှားလာရသည်။
ပင်လယ်သမုဒ္ဒရာအနှံ့ကိုခြေဆန့်သွားလာ
ခဲ့ရသည့် သဘောင်္သားတစ်ယောက်ဖြစ်သော်
ငြားလည်း ယခုလိုအင်းလေးရင်ပြင်ကိုရောက်
ရှိလာချိန်တွင်တော့ ထိုရေပြင်နှင့်လေပြည်၏
အငွေ့အသက်တို့သည့်အသစ်အဆန်းတဖွယ်
ဖြစ်လို့နေလေသည်။
ကောင်းကင်ပြာကြီးသည် တိမ်မျှင်၊တိမ်လွှာ
တို့ကင်းစင်ပြီး နီလာကျောက်၏မျက်နှာပြင်
ကဲ့သ်ို့ကြည်လင်တောက်တောက်ပနေလေ
သည်။ကန်ရေပြင်သည်လည်း မြကျောက်၏
သွင်ပြင်ကဲ့သို့စိမ်းလဲ့နေကော ထိုရေပြင်အော
က်မှ ရေမှော်ပင်ကလေးများသည်လည်း
အင်းလေးဒေသသို့အလည်ရောက်ရှိလာကြ
သော ဧည့်သည်များကိုကြိုဆိုနေကြသလို
ပျော်ရွှင်မြူးထူးစွာဖြင့်ယိမ်းသမများနှယ်
လှပစွာယိမ်းနွဲ့လှုပ်ရှားနေကြသည်။ထို့ပြင်
နေရောင်ခြည်၏ဖြာကျမှုကြောင့် ကန်ရေပြင်
ပေါ်တွင်စိန်ပွင့်များဖြန်းပတ်ထားသကဲ့သို့ပြိုး
ပြက်လင်းလက်လို့နေကာ အင်းလေး၏အလှ
အပသည် နူးညံ့စွာရေးဆွဲထားသောပန်းချီကား
တစ်ချက်နှယ်ဖြစ်လို့နေလေသည်။