အပိုင်း-၁၁{ဗေဒါပင်လေးလိုလူ}
740 69 7
{Zawgyi}
* မြမျက်လုံးကို
ဆုံးစ မတည်၊ အချစ်ရည်ဖြင့်
ဝေ့လည်လင်းလက်၊ ကြယ်ပွင့်ခက်ကို
ပြိုးပြင်ထင်အောင် တင်ပါမည် *
* ကြော့နှုတ်ခမ်းကို
သင်းစိမ့်အပြုံး၊ တစ်သက်လုံးလျှင်
ပြိုင်နှုန်းကင်းစင်၊ ပြုံးပန်းခွေဖြင့်
မကြွေသာအောင် ဆင်ပါမည် *
{ဆရာမကြည်အေး၏ကဗျာများစာအုပ်မှ
ကောက်နုတ်ရေးသားထားသည်}
ကောင်းကင်ပြာကြီးသည် တိမ်မျှင်၊တိမ်စိုင်တို့
ကင်းစင်ကာ ကြည်လင်ပြာလဲ့ နေလေသည်။
အင်းလေးကန်ကို လှပစွာအနားသတ် သွယ်တန်း
နေသော တောင်တန်းညို့ညို့တို့သည် စိမ်းမှိုင်း
ညို့ရီလျက်ရှိသည်။ အင်းရေပြင်ကြီးနှင့် နောက်ခံ
တောင်တန်းအလှတို့သည် အပန်းပြေစေသော
ပန်းချီကားတစ်ချက်နှယ် လှပနေသည်။
မိုင်းသောက်ရွာကို အစွဲပြုပြီး ခေါ်ဝေါ်သော
မိုင်းသောက်တံတားသည် မိုင်းသောက်အင်း
နှင့် မိုင်းသောက်ကျေးရွာကြားတွင် တည်ရှိ
ပြီး ပေပေါင်း ၁၅၀၀ ရှည်လျားကာ၊ တံတား
တိုင်ပေါင်း ၅၂၈တိုင်ဖြင့် ဆောက်လုပ်ထား
သော တံတားတစ်စင်း ဖြစ်လေသည်။ ၁၅၀၀
နှင့် ၅၂၈ မေတ္တာကို ဖော်ကျူးထားသဖြင့်
သံယောဇဉ်တံတားဟုလည်း ခေါ်ဆိုကြပြန်
သည်။
ထိုတံတားလေးထက်တွင် ရပ်ကာ စောမူလာ
မည့် နေရာကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေ
သူကတော့ တာရာပင်။ ညာဖက်အိတ်ကပ်ထဲ
တွင် ထည့်ပြီး သိမ်းဆည်းထားသော ငွေဆံထိုး
လေးကို လက်ဖြင့် မကြာခဏဖိကိုင်ကာ ရင်ခုန်
စွာဖြင့် ပြုံးနေမိသည်။ မကြာလိုက် သူ့ရဲ့မြင်ကွင်း
ထဲသို့ သူ၏ချစ်လှစွာသော စောမူ ရဲ့လှပသည့်
ပုံရိပ်လေး ငြိမ့်ခနဲဝင်ရောက်လာခဲ့၏။
ဗေဒါရောင် ရင်စေ့အင်္ကျိလေးကို ၊ အနီရောင်
ပြေးကာပန်းယှက်ထားသော လုံချည်လေးဖြင့်
တွဲဖတ်ထားပြီး နက်မှောင်နေသော ဆံနွယ်တွေ
ကို ခပ်မြင့်မြင့်လေး ထုံးဖွဲ့ထားတာကြောင့်
လည်တိုင်လေး၏ ကျော့ရှင်းလှပမှုသည်
ထင်းနေလေသည်။