အပိုင်း-၂၅{မင်းနဲ့ချစ်တတ်ပြီပေါ့}
619 50 11
{Zawgyi}
"မဟော်က မခေါ်စဖူး အိမ်ထမင်းစားဖိတ်တာ
ဘာလဲ ထီများပေါက်လို့လား"
"မဟုတ်ရပါဘူး..စိုင်းခမ်းရယ်။ ငါခဏနေ
ပြောပြပါ့မယ်။ ဒီအိမ်ပိုင်ရှင် အစ်မနှစ်ယောက်
ကိုလည်း လာဖို့ ငါပြောထားသေးတယ်"
"ဟုတ်လား"
ဧည့်ခန်းတွင်ချထားသော စားပွဲဝိုင်းပေါ်တွင်
တင်ထားသော ဟင်းအမယ်များက စုံလင်
လှ၏။
"တင်းတောင်.....! "
"ဟော..ရောက်လာကြပြီထင်တယ်။ စိုင်းခမ်း
ရေ..ခဏနော်..ငါတံခါးသွားဖွင့်လိုက်အုံးမယ်"
"ဒီပါ..သွားလိုက်မယ်လေ"
"ရပါတယ်..ဒီပါ ထိုင်နေပါ ကိုယ်ပဲသွားဖွင့်
လိုက်ပါ့မယ်"
မဟော်က ဒီပါ့ဘေးကနေ ထ,သွားပြီး ခြံတံခါး
ရှိရာသို့လျှောက်လာကာ ခြံတံခါးကို ဆွဲဖွင့်လိုက်
၏။
"ဪ...နွယ်လည်းရောက်လာပြီကိုး"
"နွယ် နောက်တော့မကျသေးပါဘူးနော်
ကိုမဟော်"
"နောက်မကျသေးပါဘူး..ဝင်လာခဲ့ပါ"
မဟော်က နွယ့်ကို အိမ်ထဲသို့ခေါ်လာခဲ့၏။
အိမ်ထဲရောက်တော့ စားပွဲဝိုင်းရှိ ဒီပါနှင့်
မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်
၏။ တစ်အောင့်ကြာတော့ အိမ်ပိုင်ရှင် ညီ
အစ်မနှစ်ယောက်လည်းရောက်လာကြ၏။
လူစုံသွားတော့မှ မဟော်က ထိုင်ရာကနေ
ထ,လိုက်ကာ အားလုံးကို ပြုံးပြလိုက်ရင်း..၊
"ဒီနေ့ကျွန်တော် အားလုံးကို ထမင်းဖိတ်ကျွေး
ရတဲ့ အကြောင်းအရင်းလေးကတော့ ဒီနေ့က
ကျွန်တော်နဲ့ ကျွန်တော်ခင်ပွန်းလေး ဒီပါတို့ရဲ့
၅လပြည့်မင်္ဂလာရက်လေးမို့ အားလုံးကို ဒီလို
မျိုး ထမင်းဖိတ်ကျွေးလိုက်ရတာပါ"
မဟော့်စကားများအဆုံးတွင် နွယ်ရဲ့မျက်နှာ
သည် ဟန်မဆောင်နိုင်အောင်ကိုပင် ပျက်ယွင်း
သွားခဲ့၏။
စိုင်းခမ်းကတော့ လက်ခုတ်တဖြောင်းဖြောင်း
တီးရင်း ဝမ်းသာအားရစွာပင်....၊
"မဟော်ရေ Congratulation ! ဒီလိုမျိုး
LGBT အတွဲကို ငါ ပထမဆုံးမြင်ဖူးတာ။
ဘာပဲဖြစ်ဖြစ် Love has no gander မို့
မဟော်နဲ့ ဒီပါတို့ဒီထက်ပိုပြီး ပျော်ရွှင်စွာ
နဲ့သက်ဆုံးတိုင်......"