{Zawgyi}
ကောင်းကင်သည် တိမ်ရောင်စုံများဖြင့်လှပနေ
သည်။ တိမ်ရောင်စုံတို့ ကောင်းကင်ယံတွင် ကွန့်
မြူးခြယ်သထားပုံသည် တိမ်မျှင်၊ တိမ်စိုင်များ
ပေါ်တွင် ပန်းချီဆရာတစ်ယောက်ထိုင်ကာ ရေး
ဆွဲ နေသကဲ့သို့ပြေပြစ် လှပနေလေသည်။ ထို
အလှကို ညနေလေနုအေးလေးကလည်း ထပ်
လောင်းဖြည့်စွက်နေပြန်သည်။အင်းဒေသသံဖြင့် 'ကျွန်းမျောဖုတ်' ဟုခေါ်ဆို
သော ကျွန်းမျောများသည် အင်းလေးကန်အစပ်
ရှိ မြက်ပင်ကြီးများနှင့် ကိုင်းပင်များပူးပေါင်း
ယှက်နွယ်ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။အင်းလေးရေပေါ်တွင် ပေါက်ရောက်နေကြသော
မြက်မျိုးနွယ်ဝင် အပင်ကြီး၊အပင်ငယ်များစွာ
သည် နှစ်ပေါင်းများစွာ ဟောင်းသေ၊အပင်သစ်
ထွက်သဘောဖြင့် စဉ်ဆက်အမပြတ် ရှင်သန်
ပေါက်ဖွားလာခဲ့ကြပြီး ရေပေါ်နှင့်၊ ရေအောက်
တွင် ထိုအရွက်ဟောင်း၊ အမြစ်ဟောင်းများစွာ
စုပေါင်းထူထပ်လာပြီး ထုထည်ရှိသော အစိုင်
အခဲကြီးတစ်ခုဖြစ်ပေါ်လာလေသည်။ထိုအစိုင်အခဲကြီးများက ရေပေါ်တွင် သဘာဝ
အလျောက် ရွေ့လျားနေရခြင်းအပြင် အသစ်
အသစ် ရှင်သန်ပေါက်ဖွားနေကြသော အကိုင်း
အခက်တို့၏ ဆက်နွယ်နေမှုကြောင့် ရေအောက်
တွင်ရှိနေသော မြေသားနှင့်မထိဘဲ ရေထဲတွင်
မြုပ်တစ်ဝက်၊ ပေါ်တစ်ဝက် ရွေ့လျားနေကြ
သော ကျွန်းငယ်များသဖွယ်ဖြစ်ပေါ်လာခဲ့ကြ
ပြီး ထိုအစိုင်အခဲစုကို 'ကျွန်းမျော' ဟု ခေါ်ဆို
ကြသည်။ကျွန်းမျော တစ်ခုဖြစ်ပေါ်လာရန်
အပင်ပေါင်းမြောက်မြားစွာ သန္ဓေတည်ပါဝင်
ရသည်။ကြည်လင်စိမ်းပြာလဲ့နေသော အင်လေးကန်
သည် ဘယ်အချိန်ချိန်ကြည့်ကြည့်ရှု့မဝသော
ချစ်ရသူ၏မျက်နှာကဲ့သို့ဖြစ်နေသည်။ ထိုကန်
ရေပြင်အောက်တွင် ယိမ်းနွဲ့လှုပ်ရှားနေကြသော
အစိမ်းရောင် ရေမှော်ပင်ကလေးများသည် ရေ
နှင်ရာတိုင်းလွင့်မျောနေကာ မိန်းမပျိုတစ်ယော
က်၏ ဆံနွယ်ကဲ့သို့ လှပစွာလှုပ်ရှားနေကြသည်။အင်းလေးရပြင် ထက်တွင် အစီအရီတည်ရှိနေ
သော ကျွန်းမျောလေးနှစ်ခုကြားတွင် လှေငယ်
ကိုယ်စီဖြင့် ကိုင်းမှခရမ်းချဉ်သီးများအား ခူး
ဆွတ် နေကြသော သူတို့နှစ်ဦး။
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့